ထိုင်းနယ်စပ် မဲဆောက်မှာ DKBA တပ်သား လက်ပစ်ဗုံးကိုင်ဆန္ဒပြ

2011-01-04

ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၈ နာရီလောက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးခွဲ ရှေ့မှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အဖြစ် ပြောင်းလဲခဲ့သူ DKBA ၉ သုံးလုံး တပ်ရင်းက စောထိန်လင်း ခေါ် စောသံမဏိဟာ လက်ပစ်ဗုံး နှစ်လုံး ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သတင်းရရှိပါတယ်။

(Photo: AFP)

ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဖက် မြဝတီမြို့တွင် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က ကရင် DKBA တပ်ဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ထိုင်းပိုင်နက် မဲဆောက်မြို့တွင် ထိုင်းတပ်ဖွဲ့ဝင်များ ပြေးလွှား အကာအကွယ် ယူနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာပြည် ပြဿနာကို ကုလသမဂ္ဂ ကူညီဖြေရှင်းပေးဖို့နဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လက်မခံနိုင်လို့ လုပ်တာဖြစ်တယ်လို့ အဲဒီ ဆန္ဒပြသူက ဆိုပါတယ်။

အငှားဆိုင်ကယ်သမားကို ဓားစာခံလုပ်ပြီး လက်ပစ်ဗုံးကိုင် ခြိမ်းခြောက်ဆန္ဒပြသူဟာ ဒီကေဘီအေ ၉ သုံးလုံး တပ်ရင်းက အသက် ၃၅ နှစ် ဝန်းကျင်ရှိသူ စောထိန်လင်း (ခေါ်) စောသံမဏိ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို တွေ့မြင်လိုက်ရတဲ့ မျက်မြင်သက်သေတဦးက အခုလိုပြောပြပါတယ်။

“အဲ သူက အဲဒီမှာ ဆိုင်ကယ် တက္ကဆီသမား အဖိုးကြီးတယောက်ကို ဆိုင်ကယ် ငှားစီးလာတယ်။ ဆိုင်ကယ်ဦးထုပ်ကို ဆောင်းထားတယ်။ ဦးထုပ်က ကြိုးက မျက်လုံးတဖက်ကို ဖုံးနေတယ်။ သူ့လက်ထဲမှာကတော့ လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ နှစ်ခုကို သူဆုပ်ထားတယ်၊ အဖိုးကြီးကို ဖက်ပြီးတော့။ အဲဒီအချိန်မှာ UN ရုံးကနေပြီးတော့ ရဲစခန်းကို အကြောင်းကြားလိုက်ပုံ ရတယ်၊ အဲဒီမှာ ရဲတွေ ရောက်လာတယ်။ ရဲတွေ ရောက်လာပြီးတော့ သူ့အနားမှာပဲ ဝိုင်းပြီးတော့ သူ့ကို ဖျောင်းဖျကြတယ်။ တော်တော်နဲ့တော့ ဖျောင်းဖျလို့ မရဘူး၊ ၉ နာရီနဲ့ ၅ မိနစ်လောက်မှာ သူ လက်နက်ချလိုက်တယ်။”

တနာရီလောက် ကြာအောင် ထိုင်းရဲတွေနဲ့ ညှိနှိုင်းပြီးနောက် စောသံမဏိဟာ လက်နက်ချခဲ့ပါတယ်။ သူဆန္ဒပြရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး စာရွက်တရွက်မှာ ရေးသားထားတယ်လို့ ဆို ပါတယ်။

ဒီအထဲမှာ ဒီကေဘီအေဟာ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် မဖြစ်စေဖို့နဲ့ ကရင်ကို ဒီမိုကရေစီနည်းအရ ကရင်ကပဲ အုပ်ချုပ်ဖို့၊ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို တိုင်းရင်းသားတွေ လက်မခံနိုင်လို့ စတဲ့ အချက်တွေ ရေးသားထားတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတွေက တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်မှု၊ တရားမဝင် စစ်လက်နက် ကိုင်ဆောင်မှုစတဲ့ ပြစ်ချက်တွေနဲ့ အရေးယူမယ်လို့ သိရပါတယ်။

ထိုင်းဥပဒေအရ တရားမဝင် စစ်လက်နက်ပစ္စည်း ပိုင်ဆိုင်မှုအရ အပြစ်ရှိကြောင်း ထင်ရှားရင် ထောင်ဒဏ် တသက်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အဖမ်းဆီးခံထားရတဲ့ ကိုစောသံမဏိနဲ့ မဲဆောက် မြို့တော်ဝန်တို့ကို မေးမြန်းပြီး RFA သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့းချက်
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ထိုင်း မြန်မာနယ်စပ် ဂိတ်များ ဒီကေဘီအေ ပြန်ဖွင့်ပေး

မူးယစ်ဆေးကိစ္စ စစ်ဆေးပေးဖို့ DEA ကို ဒီကေဘီအေ ဖိတ်ခေါ်

ထိုင်းအာဏာပိုင်တွေထံ လက်နက်မချဟု ဗိုလ်မှူးချုပ် စောလားပွယ် ပြောဆို

ဗိုလ်ချုပ်စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းက မြန်မာအစိုးရကို တောင်းဆို

ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို

ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်

ကေအိုင်အိုနဲ့ အစိုးရ ရွှေလီဆွေးနွေးပွဲ ပြီးဆုံး

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ ၄၅ ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စမယ်

အိန္ဒိယထောက်လှမ်းရေး လက်ချက်နဲ့ သေဆုံးသူ တော်လှန်ရေးသမားများအတွက် ဆွမ်းကပ်လှူ

KNU ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေး