ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် မဲဆွယ်ကြောင်း ကော့မှူးဒေသခံတွေ ပြော

ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။

2012.01.17

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ အန်အယ်လ်ဒီ ပါတီက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အကြိတ်အနယ် မဲဆွယ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့မှူးမြို့နယ်မှာ ကြံံ့ခိုင်ဖွံဖြိုးရေး ပါတီက ဘယ်သူ ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်များ ကိုယ်တိုင် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။

စည်းရုံးရေး ဆင်းရာမှာ ထန်းမနိုင်ရွာကို အဓိကထား စည်းရုံးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ထန်းမနိင်ရွာသူ မစုစုနွေးက ပြောပါတယ်။ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကိုယ်တိုင် လာရောက် မဲဆွယ်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူ့အဖေ တိုင်းပြည်အတွက် ဘယ်လိုပဲ ကောင်းအောင် လုပ်ခဲ့လုပ်ခဲ့ပေါ့။ အခု သူ့သမီး နောက်ပိုင်းမှာ ဘာဖြစ်တယ် ဆိုတာ မသိဘူး ဆိုပြီး ရွာသားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပုတ်ခတ်ပြီးတော့ စည်းရုံးတယ်။ ရွာသားတွေက သူ ဘာပြောတယ်ဆိုတာ သိတယ်။ နောက်တစ်ခု သူက ဘာပြောလဲဆိုတော့ မြန်မာပြည် သိန်းတန် သီချင်းက မင်းသမီးလေး ရွှေသုန္ဒရီ ကတယ်။ ကကြိုးပျက်မှာ သူစိုးရိမ်တယ် ပေါ့။ အဲဒီလို ပြောတယ်တဲ့။ တကယ် လုပ်ပေးမယ်ဆိုရင် မဲထည့်မယ်လို့ ရွာသားတွေက ပြောတော့ ဦးအောင်သိန်းလင်းက ပြောတယ်တဲ့။ ချက်ချင်းတော့ လုပ်မပေးသေးဘူး၊ ဓာတ်တိုင်တွေ လာပြီး ပုံထားမယ်၊ မဲထည့်ပြီး သူတို့နိုင်မှ လုပ်ပေးမယ် ဆိုတဲ့ ပုံစံမျိုး ပြောတယ်တဲ့”

ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်က မကြေညာသေးကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ချက် ထွက်လာပြီးမှ ပါတီများ မဲဆွယ်ခွင့်ရှိကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-17 23:12

နေ့စဉ်သတင်းလိုချင်ပါတယ်ခင်ဗျား..

Anonymous
2012-01-29 04:02

what shameless of him!

Anonymous
2012-02-03 18:38

ကြံ့ဖွတ်တော့ တကယ်ပါပဲဗျာ၊ သိပ်ကို ရွံစရာကောင်းနေပြီ။

Anonymous
2012-01-20 20:39

EVIL IS ALWAYS EVIL

Anonymous
2012-01-24 15:39

အော်အကျင့်တွေကမပျောက်သေးဘူးလာမဲပုံကိုင်ပြီဘယ်ပြေးမလို့စဉ်းစာထားသလဲ။လမ်းတ၀က်ခင်းအောင်သိန်းလင်းတဲ့။အခုရောဓါတ်တိုင်ပုံပြီဘာလုပ်မှာလဲ။စုစုနွေးရေလူထုကိုသေသျေချာခာရှင်းပြပေးပါ။

Anonymous
2012-02-03 02:48

Mr. gentleman, U r not U Aung Thein Linn,
Everybody known that where u come from, in this case what u want to do?, her IQ is not coming from S.Okkalatarpa, whose is father of Shwe Thon Daari(if u say in story)?, may be U.Why u send your daugther to the Anyeik law ka?

Anonymous
2012-02-03 03:02

I want to ask a quetion? to U Aung Thein Linn.
1. The Burmese People want toknow your's Biography and Family histry.B/C
you are one of the Government Minister for Burma.
2.Please tell the Public sincery what you do for the public.We didn't see.You take all the Government Project and the Money for Your Family benefit only.
3.U Aung Thein Linn was the LIE Minister and Yangon Mayor for Buma.
If you LIE again the People in Kohmoe
your name will be change LIE U Aung Thein LIE. Burma LIE Minister Aung Thein Lie.
Please STOP Lie to the Public.

Anonymous
2012-01-17 16:37

Hello! U Aung Thein Linn, You have no position to talk about Daw Aung San Su Kyi, She is having people's respect not only from Myanmar but International also..She is a true leader of Myanmar's people. You should know yourself very well. Pls look at your heart & your soul and ask yourself that how sincere you are.
Daw Su is very scincere woman with very strong will. She is just doing as what she believe, she never expect anything from people.. I believe that she only want to see peaceful life of Myanmar's people that they lost for many years.
U Aung Thein Linn! Pls dont try to guide innocent burmese people to go to hell again..its enough! Pls!!!