ကိုယ်ဝန်ဆောင်ကချင်တိုင်းရင်းသူ KIA က စစ်သားအဖြစ် အဓမ္မစုဆောင်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန်ကစလို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။
2012-09-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
kia-training-305
KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာတွင် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက KIA ကချင်တပ်သားများ စစ်ရေး လေ့ကျင့်နေကြစဉ်။ ဓါတ်ပုံ - RFA
RFA

ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာအခြေစိုက် တပ်ရင်း (၁၁) က ကိုယ်ဝန် (၃) လ လွယ်ထားရတဲ့ မဂျာဒွဲနူးကို စုဆောင်းရေး ဆွဲသွားတာနဲ့ ပတ်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဘရန်ဆိုင်းက RFA ကို အခုလိုပြောပြပါတယ်။

"၉ လပိုင်း ၁ ရက်နေ့  စနေနေ့ ည ၁၀ နာရီ ၄၅ မှာ ကျွန်တော်အပြင်ကို မီးသီးသွားဝယ်တုန်း အချိန်လေးမှာပဲ ကျွန်တော့်မိန်းမကို ကျွန်တော်အသွားအပြန် ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီအချိန်မှာ ၈၁ က တပ်သားအဆင့်ရှိ ချစ်အောင်ဆိုတဲ့ တစ်ယောက်ရယ်၊ အဖော်တစ်ယောက်ရယ် ကျွန်တော့်မိန်းမကို စုဆောင်းရေးဆွဲတယ် ဆိုပြီးတော့ ဆွဲသွားပါတယ်။ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ကလည်း ၃ လ ပါသွားတယ်။ အဲဒီတော့ ကျွန်တော့်ကို (KIA) ဋ္ဌာနချုပ်က လူကြီးမင်းများအနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ မိသားစုများအားလုံးကလည်း မိန်းမ ပြန်လာဖို့အတွက် ဆုတောင်ရင်းနဲ့ ကိုယ်ချင်းစာပြီး အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော့်အနေနဲ့ အသနားခံပြီးတော့ တောင်းဆိုအပ်ပါတယ်"

ဒီလ ပထမပတ်အတွင်းက မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ချီမှော်ဒေသမှာ KIA တပ်ရင်း ၅ ကအမျိုးသား၊ အမျိုးသမီး (၅၀) ကျော်ကို စစ်သားအဖြစ် အဓမ္မ စုဆောင်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ မိုးညှင်းမြို့ပေါ်က လုပ်ငန်းရှင်အချို့လည်း KIA ရဲ့ ဆက်ကြေးကောက်ခံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

နောနော�

နေရပ်- ခ)အဆိုင်း (မြစ်ကြီးနား

ကျွန်တော်ပြောချင်တာတစ်ခုက ဒီလိုနာမည်ဆိုးစေမဲ့ အရာတွေကို မလုပ်စေချင်ဘူး ကောင်းတာလုပ်နေတယ်လို့ ခံယူရင်တော့ ကောင်းတာတွေကို လုပ်ပြပါလား။ ကိုယ့်ကိုယ်ကို ကိုယ်လုပ်တာကောင်းတယ်လို့ တစ်ဖက်သတ်ထင်နေပေမယ့် ငါတို့ကို ပြန်ကြည့်ဦး။ ငါတို့အတွက်တော့ နင်တို့ထင်သလို မကောင်းနိုင်ဘူး

Nov 15, 2012 11:10 AM

ကိုကို...

kioကအပစ်အခတ်၇ပ်တုန်းကဆက်ကြေးမကောက်၇ဆိုတာအစိုး၇ကပြောလိုဆိုတာလနန်ဆိုတဲ့ကောင်ပြောလို့သိရတယ်..တိုက်ပွဲဖြစ်တော့ဆက်ကြေးကောက်တယ်..ရှင်းပါတယ်လနန်ရေ..ဒါကြောင့်အပစ်မရပ်တာကိုး...ငါလည်းကချင်ပါ..ဘယ်တော့ကောင်းစားမှာလည်းငါတို့ငါညီမလည်းမင်းတို့ကြောင့်သေပြီ...ငါညီလည်းတပ်မဟာ(၅)မှာတဲ့သေပြီလားမသိ..ငါတောင်အဝေးရောက်နေလို့..rfaကိုကျေးဇူးတင်ပါတယ်

Nov 11, 2012 10:26 AM

အမည်မဖော်လိုသူ

ဦးလနန့်ကိုတွေ့ဆုံမေးမြန်းတဲ့ အသံဖိုင် MP3 ကိုနားထောင်စေလိုပါတယ်။ ဒါမှအဖြေပိုသဲကွဲမှာပါ။

Oct 07, 2012 12:08 PM

အမည်မဖော်လိုသူ

KIA လည်းလူ့အခွင့်အရေချိုးဖောက်တဲ့အထဲ ပါတာပဲ။ သာမန်ကချင်ပြည်သူတွေဘ၀က သနားစရာအလွန်ကောင်းပါတယ်။

Sep 17, 2012 05:47 AM