ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်


2014.12.13
tnla-kia-joint-battle-kachinmedia-b305 ရှမ်းပြည်မြောက်ပိုင်းတွင် ကေအိုင်အို-ပလောင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များနှင့် မြန်မာ အစိုးရတပ်အကြား ၂၀၁၂ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကပုံ ဖြစ်ပါသည်။
Photo courtesy of Kachin Media

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဆလပ်ကျေးရွာနဲ့ နားတီးကျေးရွာအကြားမှာ အစိုးရနဲ့ တိုင်းရင်းသား ပူးတွဲတပ်တွေကြား ဒီနေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA  က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော်က နှစ်ဖက်အခြေအနေကို အခုလို ပြောပါတယ်။

"၄၊ ၅ ရက်နေ့လောက်က စစ်တပ်ဘက်က အင်အား ၅ဝဝ၊ ၆ဝဝ လောက်အထိ ကွတ်ခိုင်ဘက်အခြမ်းကို ထပ်မံအင်အားဖြည့်လာတယ်၊ မနေ့ကလည်း နောက် ထပ်အင်အား ၂ဝဝ လောက် ထည့်မံပြီးတော့မှ ဖြည့် လာတာရှိတယ်၊ ဒီနေ့နေ့လယ် ၁၁ နာရီ ၁၅ လောက် ကနေ ၁၂ နာရီခွဲအထိ ကွတ်ခိုင်မြို့နယ်က ရွာနားမှာ ကျနော်တို့တပ်ပေါင်းစုနဲ့ အစိုးရစစ်တပ် ရင်ဆိုင် တိုက်ပွဲဖြစ်တယ်"

အစိုးရတပ်မ ၁၁ နဲ့ ၈၈ တပ်တွေနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA  ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊ ကိုးကန့်တပ်မတော် MNDAA  ပူးတွဲတပ်တွေ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

ဒီလအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားတာ ခုနှစ်ကြိမ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့နယ် ဆိုက်ခေါင်ကျေးရွာကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။