ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း

2013-02-25
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
kio-govt-peacetalk-rulli
အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဆွေးနွေးစဉ်
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရေးကို ရွှေလီ အစည်းအဝေးမှာ သဘောတူထားတဲ့အတိုင်း ဖေဖော် ၀ါရီလကုန်ပိုင်းမှာ တွေ့ဆုံနိုင်မှာမဟုတ်ပဲ မတ်လထဲကို ရက်ရွှေ့ဆိုင်းဖို့ အကြောင်းကြားထားတယ်လို့ KIO က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က တရုတ်နိုင်ငံ ရွှေလီ မြို့ တွေ့ဆုံဆွေးနွေးပွဲမှာ ဖေဖော်ဝါရီလ မကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်သဘောတူခဲ့ကြပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။  ရက်ရွှေ့ဆိုင်းမှု နဲ့ ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက အခုလိုပြောပါတယ်။

“ဒီဖေဖေါ်ဝါရီလကတော့ အခုလဲလကုန်နေပြီ ကပ်နေပြီပေါ့၊ အဲတော့ ဒီလကတော့ မဖြစ်နိုင်တဲ့အကြောင်း ပြောထားတယ်ခင်ဗျ၊ ဒီမတ်လ ၁၀ရက် ပတ်ဝန်းကျင်လောက် ဖြစ်နိုင်မယ်ဆိုတဲ့ဟာပေါ့၊ အဲလိုဟာမျိုးအကြောင်းကြားဖို့ အချင်းချင်းက ပြန် ညှိနှိုင်းကြတာပေါ့”

ကေအိုင်အိုနဲ့ အစိုးရကြား စတင်ဆွေးနွေးမူတွေ လုပ်ပြီးနောက် တိုက်ပွဲတွေ သိသိသာသာ နည်းသွားပေမယ့် ပြီးခဲ့တဲ့ ၂၃ရက်နေ့ကစပြီး ကချင်ပြည်နယ် မေခမြစ်အရှေ့ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ KIA တပ်ရင်း ၁၀ ကို အစိုးရတပ်တွေက တိုက်ခိုက်မူတွေရှိတယ်လို့ ဦးလာနန်းက ပြောပါတယ်။

ဒါပေမယ့် ရက်ရွှေ့ဆိုင်းလိုက်တာဟာ အဲဒီလိုတိုက်ပွဲတွေ ဖြစ်တာကြောင့်မဟုတ်ပဲ တခြားစီစဉ်စရာ ကြိုတင်ပြင်ဆင်စရာ ကိစ္စတွေရှိတာကြောင့် ဖြစ်တယ်လို့ပြောပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Nay Mc Kha

နေရပ်- DANMARK

KIO နဲ့ဆွေးနွေးတာ ဘာကြောင့် ကိုယ့်နိုင်ငံထဲမှာ ဒီဆွေးနွေးမှု့ကို မလုပ်သလဲ လုံးဝ အလျော့မပေးပါနဲ့ ဒီxxxx သိပ်ညာဏ်များတယ်


Mar 05, 2013 06:16 PM

အမည်မဖော်လိုသူ

I doubt that KIO/A will have something they want in this coming meeting. In my expectation, the meeting will be the same as before because none of Burmese government has power to make decision on the table. It will be just a meeting after another, another, another. I think Burmese Military Government need to find someone, other than Aung Min, because his approach or goal is uncommitted. Who knows Burmese Government just wants that kind of person! In any case, my comment for this news is that I personally would like to see the meeting as effective and productive meeting for both parties. PEACE!

Feb 26, 2013 12:21 AM

(

Tatmadaw will use the soft power after Tatmadaw divide the whole country into sections with control routes. That is the time ethnic group would get federalism. (under soft power (smart power) control federalism)



Feb 25, 2013 03:18 PM

ပြေဟိန်း

နေရပ်- Denmark

KIO/KIAက ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်းလိုက်တဲ့ အကြောင်းပြချက်ဟာ သိပ်ပြီးကောင်းမွန်ခိုင်လုံခြင်း မရှိတဲ့အပြင် ၊ပေါ့ ပျက် ပျက်အနေအထားကို တွေ့ရှိရလို့၊ တွေ့ဆုံ ဆွေနွေးမူတွေ အပေါ်မှာရော ကချင်တိုင်းရင်း သားတွေရဲ့လိုအပ် ချက်များအပေါ်အ ရေးပေးရဲ့လားပေါ့ပျက်ပျက်ပဲလား ဆိုတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။

Feb 25, 2013 03:11 PM