အစိုးရစစ်တပ်ကား ၅ စီးကို ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ကား ၅ စီးပေါ်မှာပါလာတဲ့ အစိုးရတပ်ဖက်က ထောက်ပံ့ရေးရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ပျက်စီးဆုံးရှုံခဲ့ပြီး အစိုးရစစ်သား တွေလည်း သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကာမိုင်းနဲ့ ဖားကန့်ကြား မှာရှိတဲ့ နန့်ယားကျေးရွာနားတဝိုက်မှာလည်း အစိုးရတပ်တွေကို ကေအိုင်အေ တပ်တွေက မိုင်းခွဲတိုက်ခိုက်မှုတွေရှိနေတယ်လို့လည်း အဲ့ဒီနား ပတ်ဝန်းကျင်က ရွာသားတွေက ဆိုပါတယ်။
ဒီအတောအတွင်းမှာ အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေ ဖော်ဆောင်မှုမရှိဘဲ အနည်းငယ်တည်ငြိမ်နေတဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီရက်ပိုင်းအတွင်း အခုလိုတိုက်ပွဲသံ ပြန်ကြားနေရတာလို့ ဒေသခံတွေက ပြောပါတယ်။