ဒီနေ့ မနက်ပိုင်းက ဝိုင်းမော်မြို့နယ် ပါဂျို အောက်ဖက်နားမှာ တိုက်ပွဲတပွဲ ဖြစ်ခဲ့သလို ဆွန်ပရာဘွန်မြို့ အထက်နားမှာလည်း နေ့လည်ပိုင်းက တိုက်ပွဲတပွဲ ဖြစ်ခဲ့တာပါ။ ပါဂျိုနားမှာ အစိုးရတပ်ဖက်က ခမရ (၃၁၈) နဲ့ KIA တပ်က တပ်ရင်း (၂၅၃) တို့ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အစိုးရတပ်ဘက်က မော်တာကျည် အလုံး (၂၀) ကျော်ပစ်ခတ် ခဲ့သလို လက်နက်ငယ် ကျည် (၁၀၀၀) ကျော်သုံးတယ်လို့ KIA ဖက်က ပြောပါတယ်။ ဆွမ်ပရာဘွန်နားမှာတော့ KIA တပ်မဟာ (၁) ဒေသမှာ အစိုးတပ်ဖက်က ခလရ (၁၃၈) နဲ့ KIA ဖက်က တပ်ရင်း (၂၂) တ့ို တိုက်ပွဲ ဖြစ်ကြတာပါ။ မနေ့ ညနေကလည်း ပူတာအို ခရိုင်နားမှာ တိုက်ပွဲတပွဲ ဖြစ်ခဲ့တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။ ဒါ့အပြင် ၂၁ ရက်နေ့ညက မြစ်ကြီးနားမြို့ပေါ်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံး (၂) လုံးရဲ့ လက်သည်ကိုလည်း အခုချိန်အထိ အစိုးရဖက်က ရှင်းရှင်းလင်းလင်း မဖေါ်ထုတ်နိုင်သလို၊ KIA ဘက်ကလည်း ဒီဖေါက်ခွဲမှုနဲ့ပတ်သက်လို့ အတိအကျ မသိသေးဘူးလို့ ပြောပါတယ်။
