ဗိုလ်ကြီးတဦး အပါအဝင် မြန်မာတပ်မတော်သား (၇) ဦးကို KIA က ဖမ်းထား

ကချင်ပြည်နယ် မန်စီမြို့နယ်မှာ မြန်မာ အစိုးရတပ် ခမရ (၃၂၈) နဲ့ KIA တပ်ရင်း (၁၂) တို့ ဒီကနေ့ မနက်မှာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး သေကြေ ဒဏ်ရာရတာတွေ ရှိတယ်လို့ KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်းက RFA ကို ပြောပါတယ်။

ဒီအတောတွင်း ဇူလိုင်လ(၁၆) နဲ့ (၁၇) နှစ်ရက်ကြာ ဖြစ်ပွါးခဲ့တဲ့ ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်နဲ့ မဝေးတဲ့ ခယာ ဒေသ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဖက်က ဗိုလ်ကြီး (၁) ဦး အပါအဝင် တပ်မတော်သား (၇) ဦးကို KIA တပ်တွေက ဖမ်းဆီး ခဲ့ကြောင်း သိရပါတယ်။ သူတို့နဲ့ အတူ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ KIO က ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ KIO အဖွဲ့ပြောခွင့်ရသူ ဦးလာနန်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။

0:00 / 0:00