တပ်မတော်က ခုခံစစ်သာ တိုက်နေတယ်ဆိုတာကို KIO ကန့်ကွက်

အစိုးရတပ်ဖွဲ့များအနေနဲ့ KIO ကို ထိုးစစ်ဆင်ခြင်း မပြုဘဲ မိမိကိုယ် ခုခံကာကွယ်ရေးအတွက် သာ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ ပြောဆိုချက် ကို KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။

အစိုးရတပ်ဖွဲ့တွေဟာ အမိန့်နာခံသူတွေဖြစ်ပြီး KIA တပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခြင်းမပြုဖို့ အမိန့်ကိုပေးထားတာကို နာခံနေကြောင်း မိမိကိုယ်မိမိ ကာကွယ်ရေးအတွက် တိုက်နေတာဖြစ်တယ်လို့ မနေ့က အင်တာဗျူးတစ်ခုမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး KIO က ကန့်ကွက်လိုက်တာပါ။

ဒ့ါအပြင် KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က အစိုးရတပ်များက အခုလက်ရှိ ထိုးစစ်ဆင်နေတဲ့ ခါရာဘိုတောင်ကုန်းအပါအဝင် လဂျားယန်ဒေသက ၇၇၁ တောင်ကုန်း၊ ဂျာမန်ကုန်း ဆွန်ရမ်ဘုံ စတဲ့ သိမ်းပိုက်လိုက်တဲ့ တောင်ကုန်းတွေဟာ KIA တပ်ဖွဲ့တွေ အစဉ်အဆက် တပ်စွဲထားတဲ့ တောင်ကုန်းတွေဖြစ်ပြီး အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00