ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း


2013.04.04
kio-peace-meeting-b305 KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့တဲ့မှတ်တမ်းပုံ
RFA

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထားတာ ကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့်မဖြစ်သေးတာကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သြင်္ကန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက RFAကို ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး အဲဒီအချိန်က သဘောတူညီချက်တချို့ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ စုစုပေါင်း ၁၂ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။