အစိုးရတပ်က ကေအိုင်အို ဗဟိုကို လက်နက်ကြီးနဲ့ တိုက်

အစိုးရတပ်က ကေအိုင်အို ဗဟိုဌာနချုပ်ကို အခုရက်ပိုင်း အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် တိုက်ပွဲတွေလည်း အဆက်မပြတ် ဖြစ်ပွါးနေတာကြောင့် ဗဟိုဌာနချုပ်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကေအိုင်အို အရာရှိတွေ က ပြောပါတယ်။

2012.04.28
kia-training-305-z ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
RFA

ဒီနေ့ဆိုရင် လက်နက်ကြီးတွေနဲ့ မနက်စောစော ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပြပါတယ်။

"ဒီနေ့မနက် အစောကြီး တနာရီပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာအမြောက်နဲ့ ပစ်တုံးပဲ။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ရဲ့ နယ်မြေအတွင်း ကျရောက်တာတွေရှိတယ်။ ၂၇ ရက်နေ့မနက်အစောကြီး ၃နာရီလောက်မှာလည်း ပစ်တယ။် ဗဟိုဌာနချုပ်ရဲ့ တပ်နယ်မြေလို့ ပြောလို့ရတယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက် တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။"

ကေအိုင်အို လိုင်ဇာဌာနချုပ် အနီးဝန်းကျင် တစ်ဝိုက်မှာလည်း တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွါးနေပြီး အစိုးရတပ်က စစ်အင်အားတွေ တိုးချဲ့နေတာကြောင့် ဗဟို လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"နေ့တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ညအချိန်ပုံစံ လုပ်လာတဲ့အခါကျတော့ ဗဟိုလုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်လာတာပေါ့။ ကေအိုင်အို တပ်တွေကလည်း နယ်မြေအနှံ့ လှုပ်ရှားမှုတော့ လုပ်ရတော့မှာပဲ။ ဒါကြောင့် တိုက်ပွဲတွေကလည်း နယ်မြေအနှံ့မှာ ဖြစ်လာတဲ့သဘောလို့ ပြောလို့ရတယ်ခင်ဗျ။ မျက်နှာစာအားလုံးမှာ သူတို့တပ်တွေက အင်နဲ့အားနဲ့ ချထားတာမျိုး ရှိတယ်။"

လိုင်ဇာဌာနချုပ် ကားလမ်းအနောက်ဖက်ခြမ်းရှိ တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနဲ့ လိုင်စင် ဗဟိုဌာနချုပ် အဟောင်းနဲ့ လိုင်ဇာ အကြားရှိ နားဖော့စခန်းမှာ အစိုးရတပ်အင်အား ဖြည့်ထားတာ အားလုံး ထောင်ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။

ကေအိုင်အို နဲ့ အစိုးရကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်တွေ့ဆုံ ဆွေးနွေးဖို့ အတွက် အစိုးရက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၁၇ ရက်နေ့က ကမ်းလှမ်းထားတာကို ကေအိုင်အိုက စစ်ရေးအရ တိုက်ခိုက်နေတဲ့ အခုလို အချိန်မျိုးမှာ အဲဒီမှာ တွေ့ဆုံဖို့ မဖြစ်နိုင်တဲ့အကြောင်း ဧပြီ ၂၀ ရက်နေ့က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-01 19:38

I willing to say out from My Heart.
Stop Fighting against To Neither KIO, KIA or any races whoever lived in Myanmar.
U Thein Sein Government Must Out & Down ASAP if you can not solved within the country problem. Especially fighting each other. They are our blooded brothers & Sisters, They lived peacefully in the border of China & Burma.they have right to stay in their ground since many many years ago.
Do Not Kill Them, Do Not Fight Them.
Do not let them feel even annoyed.