ကေအိုင်အိုနှင့်အစိုးရတပ် ဖားကန့်မြို့တွင်း တိုက်ပွဲဖြစ်

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ မနေ့က ညနေ ၄ နာရီကနေ ည ၈ နာရီကျော်လောက်အထိ ဖားကန့် မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ နီးစပ်ရာ ဒုက္ခသည် စခန်းတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
2012-09-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အစိုးရတပ်က တပ်မ ၃၃ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တွေ မြို့ထဲမှာ ကျောင်းဆင်းချိန် တိုက်ပွဲဖြစ်တဲ့အကြောင်း ဖားကန့်မြို့ခံ တစ်ယောက်က ပြောပြပါတယ်။

"ညနေက ကျွန်တော့်သားတွေ ၄ နာရီလောက် ကျောင်းဆင်းတဲ့ အချိန်လေ။ တိုက်ပွဲဖြစ်လို့ မြို့ထဲမှာ။ မှော်ဝမ်းပေါ့။ အခုထက်ထိ ကြိုကြားပစ်နေတယ်။ ကျွန်တော်လည်း ၄ နာရီ ထိုးခါနီးလောက် ကလေးစောင့်တာ။ လ္ဘက်ရည်ဆိုင် ထိုင်နေတာ အဲဒီအပေါ်ကနေ စပစ်တာ ကျွန်တော်ထွက်ပြေးလာခဲ့တာ ဟိုကပစ်၊ ဒီကပစ် လက်နက်ကြီးပါ ပစ်တယ်။ မြို့ထဲတောင် အနဲအကျဉ်းတော့ ကျတယ်ဗျ။ မြို့ထဲပစ်တာ ဆိုးသွားတာပေါ့ဗျာ။ လူတွေ ကစဥ့်ကလျားနဲ့ ဖြစ်တာ။ ဒီပြင်နေရာတော့ အမြဲတမ်းဖြစ်နေတာပဲ"

မြို့တွင်းတိုက်ပွဲ ဖြစ်တာက တစ်ကြောင်း မိုးရွာနေတာက တစ်ကြောင်းကြောင့် ရုတ်တရက် ထွက်ပြေးကြရတဲ့ ဒေသခံတွေ အကြီးအကျယ် ဒုက္ခရောက်နေကြတယ်လို့ စောစောက မြို့ခံက ဆက်ပြောပြပါတယ်။

"မနေ့ ညက တနေကုန် ရွာနေတာ။ အဲဒါလည်း ပြေးတဲ့လူတွေ အများကြီးပဲ။ ထောင်ပိုင်းလောက်ရှိမယ်။ ကျွန်တော်တို့ တည်းတဲ့စခန်းကို အကုန်လုံးတက်လာတာ။ ပြေးတာကို ကစဥ့်ကလျားပဲ။ အကုန်လုံး ခလုတ်တိုက်၊ ဒူးကွဲ ရှုတ်ရှက်ကို ခတ်လို့။ စခန်းတွေကို အကုန်ပြေးတက်။ ကျွန်တော်တို့ စခန်းတွေဆို လူဦးရေ ရာကြီးပိုင်း၊ ထောင်ပိုင်းလိုက်ရှိမယ်။ မြို့ဦးစေတီမှာလေ။ ဒီမှာ ရေဘေးရော၊ စစ်ပြေးရော အဓိကတော့ စစ်ပြေးများတယ်။ ကျောင်းတွေ အပေါ်ထပ်တွေ၊ အောက်ထပ်တွေ ဘုရားရင်ပြင်တွေ။ နေရ ထိုင်ရတာ ဒုက္ခရောက်တယ်။ မိုးကရွာ နေစရာကမရှိ"

ဒါကတော့ ဖားကန့်မြို့ထဲမှာ တိုက်ပွဲဖြစ်တဲ့ မနေ့ ည ၈ နာရီကျော်ကျော်လောက်အထိ အခြေအနေ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်နေတာ တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်း ဒေသမှာတော့ လွန်ခဲ့တဲ့ သြဂုတ်လလယ်ပိုင်းမှာ တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ရာက အခုတော့ မြို့တွင်းတိုက်ပွဲ ပါ ဖြစ်လာခဲ့တာပါ။ ဒီအတွင်း ဖားကန့် မြို့ထဲမှာ ရေကြီးနေတာကြောင့် ကြိုးတံတားနဲ့ ကျောက်ဝိုင်းနေရာတချို့ ရေနစ်မြုပ် နေတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Sai Cliff L Kan

Please, stop killing each other. We are all Burmese. Gen. Min Aung Hlaing must stop ordering Burmese Army to attack its own peoples. The differences must be sorting out by discussing and negotiation.
Gen. Min Aung Hlaing shouldn't look minority ethnic peoples as alien. I really want to see united Burmese.

Sep 16, 2012 12:25 PM

ုko myo

နေရပ်- new york

KIOအနေနဲ့ကချင်ပြည်သူတွေကိုသနားတယ်ဆို၇င် နေပြည်တော်မှာသွားေ၇ာက်ဆွေးနွေးစေချင်ပါတယ် စစ်အစိုး၇လက်ထက် ၁၆နှစ်လုံးအပစ်၇ပ်ခဲ့ပြီးမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားနေတဲ့အစိုးရမှ ဆွေးနွေးလို့မရဘူးဆိုတာမဖြစ်နိုင်ဘူး ပြည်သူ့အကျို

Sep 14, 2012 07:12 PM

ဆိုင်း

နေရပ်-

ွလူသားတိုင်းငြိမ်းချမ်းပါစေ။နိင်ငံသားတိုင်းအရည်အချင်းရှိပြီးသဘောထားပြည်.၀သောကျောသားရင်သားမခွဲပဲခေါင်းဆောင်နေရာတွင်လည်းခန်.နိင်ပါစေ။

Sep 14, 2012 07:48 AM