ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ၅၃ နှစ်မြောက် လက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားတွေ ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့နဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မ တီ ပြောရေးဆိုခွင့်ရှိသူ ကိုထွယ်အောင်က ပြောပါ တယ်။
“ကချင်တော်လှန်ရေးနေ့မှာ အားလုံးစုပေါင်း ပြီးတော့ အခုလိုစစ်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ် သာမက တစ်နိုင်ငံလုံးမှာပေါ့နော် ဒီစစ်ပွဲတွေ ငြိမ်းသွားဖို့ ကချင်ပြည်နယ်မှာပေါ့နော် အဓိကဆုတောင်းတာပေါ့၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံတော်ပေါ့နော် တရားမျှတတဲ့အစိုးရ ဖြစ်ပေါ်လာဖို့ပေါ့နော် ဒီမှာရှိတဲ့ကချင်လူငယ်တွေအားလုံးပေါ့နော် ဝိုင်းဝန်းပြီးတော့ တိုင်းရင်းသားအားလုံးပေါင်းပြီးတော့ ဆုတောင်းတာပေါ့နော်”
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကေအိုင်အိုဟာ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနဲ့ အပစ်ခတ်ရပ်စဲဖို့ ကျန်နေသေးတဲ့အဖွဲ့ ဖြစ်ပါတယ်။