တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေး KNPLF တိုက်တွန်း

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရေး ကြိုးပမ်းဆောင်ရွက်ပေးဖို့ အပစ်အခတ်ရပ်စဲထားတဲ့ (ကလလတ) ခေါ် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) က တိုက်တွန်းလိုက်ပါတယ်။
2012-04-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
mya-aye-b305
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဖြစ်ပါသည်။
RFA

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ကယားပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအဖွဲ့ နဲ့ ကလလတ အဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့ လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုလို ပန်ကြားလိုက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားပြည်သူတွေအနေနဲ့ ပြည်ထောင်စုက ခွဲထွက်လိုတဲ့ ဆန္ဒမရှိကြောင်း ဒါပေမဲ့ ပြည်ထောင်စုအတွင်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရလိုကြောင်း KNPLF တာဝန်ရှိသူတွေက ထောက်ပြ ဆွေးနွေးခဲ့တယ်လို့ ကိုမြအေးက ပြောပါတယ်။

ကိုမြအေး၊ ကိုပြုံးချို ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့ နဲ့ KNPLF အဖွဲ့ လူထုဆက်ဆံရေး တာဝန်ခံ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟက်စတာ၊ ဗိုလ်မှူး ဦးစိန်လှိုင်အပါအ၀င် လူငယ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပြည်သူ့အကျိုး ဆောင်ရွက်ရေး အခြေခံအချက်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့ဟာ ဧပြီ ၄ ရက်နေ့က ကယန်းပြည်သူ့ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကယားပြည်နယ် ဖယ်ခုံမြို့မှာ တွေ့ဆုံခဲ့သလို ဧပြီ ၅ ရက်နေ့က မျိုးဆက်သစ်လူငယ်တွေ ဒေသခံ တောင်သူလယ်သမားတွေနဲ့လည်း မိုးဗြဲမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်