KNU နဲ့ အစိုးရ အပစ်ရပ်မယ့်သတင်း မမှန်သေး

2011-11-26

KNU ကရင်အမျိုးသား အစည်းအရုံးဟာ အစိုးရနဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ ရလို့ မကြာခင် အပစ်ရပ်တော့မလို သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း KNU ဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။

Karen Information Centre

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က KNU တပ်မဟာ (၅) နယ်မြေတွင် ကျင်းပသော (၆၁) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ကရင်သတင်းဌာန)

အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ KNU အဖွဲ့က ကိုယ်စားလှယ် ၃ ဦး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ တွေ့ဆုံခဲ့တာဟာ ပဏာမအဆင့်ပဲ ဖြစ်ပြီး နှစ်ဘက်လုံးမှာ လုပ်ပိုင်ခွင့် အပြည့်အစုံ မရှိဘူးလို့ KNU ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက ပြောပါတယ်။

ဒါ့အပြင် သူတို့အစီအစဉ်ဟာ အရင်ကကြေညာထားတဲ့အတိုင်း အပစ်အခတ် ရပ်မယ်လို့ သဘောတူညီခဲ့ရင် အဲဒီနောက်မှာ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ပြုလုပ်မှ ဖြစ်မယ်လို့လည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ KNU ဟာ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါ ကိုယ်စားပြုမယ့် ကော်မတီတစ်ရပ် ဖွဲ့ထားပြီး အဲဒီကော်မတီမှာ ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ကော်မတီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူး စေးဖိုး အပါအဝင် စုစုပေါင်း ခေါင်းဆောင် ၇ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ KNU ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

သမ္မတနဲ့ ကေအင်ယူတွေ့ဆုံ

ဖဒိုမန်းငြိမ်းမောင်ကို KNU ထံ ပြန်လည်လွှဲပြောင်း

ဖဒို မန်းငြိမ်းမောင်ကို တစ်သက်တစ်ကျွန်း စီရင်ချက်ချ

အစိုးရတပ် စစ်ရေးလှုပ်ရှားမှု ရပ်တန့်ရေး KNU အဓိက ဆွေးနွေး

ဝန်ကြီး ဦးအောင်မင်းကို သက်သေခေါ်ဖို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ တင်ပြ

အိန္ဒိယထောက်လှမ်းရေး လက်ချက်နဲ့ သေဆုံးသူ တော်လှန်ရေးသမားများအတွက် ဆွမ်းကပ်လှူ

ဗိုလ်ချုပ် ထိန်မောင်အဖွဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး

အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားဖို့ KNU ခေါင်းဆောင် သတိပေး

ပေးထားတဲ့ကတိ မတည်တာကြောင့် မန်းငြိမ်းမောင် အံ့သြမိ