KNU နဲ့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေး

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော် ဇီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း၊ မြန်မာနယ်စပ်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကို ဒီကနေ့ ရောက်ရှိသွားပြီး အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲတွေကို ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာ ဆက်လက် ပြုလုပ်သွားမယ်လ့ိုလည်း KNU က သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ ၁၁ ရက်နေ့အထိ ပြုလုပ်မယ့် အဲဒီ ဆွေးနွေးပွဲတွေမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ နှစ်ဘက် အပစ်အခတ်ရပ်စဲရေး အပါအဝင် ယုံကြည်မှု တည်ဆောက်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စတာတွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်အတွင်း ကရင် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00