ထိုးစစ်တွေရပ်ပေးဖို့ သမ္မတကြီးထံ တင်ပြမည်

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ နေပြည်တော်ကို ထွက်ခွာသွားတဲ့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့စစ်ပွဲများ ရပ်ဆိုင်းရန်နဲ့ အဓိပ္ပယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်နိုင်ရေး အတွက် ဆွေးနွေးသွားမယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၃ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

လက်ရှိကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲများရပ်ဆိုင်းရေးမှာ အစိုးရထိုးစစ်များ ရပ်ဆိုင်ရေးဘို့ အရေးကြီးကြောင်း ထိုးစစ်တွေကြောင့် ယုံကြည်မူတည်ဆောက်ရေးကို အကန့်အသတ်ဖြစ်စေတယ်လို့ နေပြည်တော်ကို လိုက်ပါသွားတဲ့ KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ပြောပါတယ်။

KNU အဖွဲ့အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါမှာ ကေအင်ယူတဖွဲ့တည်းအနေနဲ့ ဆွေးနွေးမှာမဟုတ်ဘဲ တိုင်းရင်းသားအားလုံးရဲ့ သဘောဆန္ဒကိုထုတ်ဖေါ်ခွင့်ရမဲ့ ညီလာခံပုံစံမျိုးဖြစ်အောင် သမ္မတဦးသိန်းစိန်ကို တင်ပြဘို့ရှိတယ်လို့ ပဒိုမန်းမန်းကပြောပါတယ်။

ကိုယ်စားလှယ်အဖွဲ့မှာ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်း၊ အလုပ်အမူဆောင်အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်ပါတယ်။

KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒို မန်းမန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00