KNU ဆက်ဆံရေးရုံးတွေ ဖွင့်တော့မည်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုဖို့အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်ဆံရေးရုံးတွေကို ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်မှာဖြစ်ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့က နော်မေဦးက ပြောပါတယ်။

ပဲခူးတိုင်းက ဆက်ဆံရေးရုံးကို ဧပြီလ ၉ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပြီး ၁၀ ရက်နေ့မှာ ထားဝယ်မြို့မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။