အပစ်ရပ်စာချုပ် အားနည်းချက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ထောက်ပြ

အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရတို့အကြား သဘောတူစာချုပ်ချုပ်ဆိုြပီးနောက်ပိုင်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာရတာဟာ စာချုပ်ပါသဘောတူညီချက်တွေကို အကောင်ထည်ဖော်ရာမှာ အားနည်းမှုတွေရှိနေတာကြောင့်ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS / SSA က ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS နဲ့ KNU ကရင်အမျိုးသား အစည်းရုံးတာဝန်ရှိသူတွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာြငိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးရာမှာ ဒီအားနည်းချက်တွေကို အဓိကထားတင်ပြခဲ့တယ်လို့ RCSS/SSA က ဗိုလ်မှူးြကီး စိုင်းလှက RFA ကို ပြောပါတယ်။

“သမ္မတကြီးနဲ့ ကျနော်တို့ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ တွေ့ဆုံတဲ့ နေပြည်တော်ခရီးစဉ်မှာသော်၎င်း၊ ဒုဥက္ကဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေဆုံတဲ့ နေရာမှာသော်၎င်း၊ ကျနော်တို့ ပဏာမရရှိထားတဲ့ သဘောတူညီချက်အတိုင်း နှစ်ဦးနှစ်ဘက်ပူးတွဲပြီးတော့ ပြဿနာများကို ရှင်းလင်းသွားမယ်၊ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်၊ ဒါပေမယ့် ဒေသအတွင်းမှာ အစိုးရကအထက်ပိုင်းက အုပ်ချုပ်ရေးတွေနဲ့သော်၎င်း၊ တပ်မတော်ပိုင်းဆိုင်ရာမှာသော်၎င်း နားလည်မှုတွေမရရှိတဲ့အတွက်ကြောင့် ရရှိထားတဲ့သဘောတူညီချက်အတိုင်း ကျနော်တို့ အပြည့်အဝမဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် ဒေသအတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေလည်းရှိနေတာကို တွေ့ရှိရပါတယ်”

ဒီဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိစ္စကို ဆွေးနွေးခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် စောတာဒိုမှုးက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ဟာကို တစ်ယောက်တစ်မျိုး အဓိပ္ပာယ်တွေဖွဲ့တော့ အဲဒါတွေလာညှိတဲ့သဘောပါပဲ၊ ကျနော်တို့ KNU နဲ့ RCSS အဓိကပေါ့နော်၊ ပေါင်းပြီးတော့ ဘယ်လိုဆက်လုပ်ကြမယ်ဆိုတဲ့အကြောင်း ကို သေသေချာချာနားလည်အောင် လာရှင်းတဲ့သဘောပဲဖြစ်ပါတယ်”

KNU နဲ့ RCSS/SSA အဖွဲ့တွေဟာ အစိုးရ ြငိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ တာဝန်ရှိသူတွေနဲ့ ဒီလကုန် နေပြည်တော်မှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ကြပါတယ်။