KNU တပ်ရင်း ၈ နယ်မြေ အတွင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကြေညာချက်ထုတ်


2017.02.19
knu-620.jpg ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ (၆၇)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNU တပ်သားတွေကို တွေ့ရစဉ်
Photo: Karen Information Centre

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ ကရင်အမျိုးသားအစည်းအရုံး KNU တပ်ရင်း ၈ ဧရိယာအတွင်း မှာ အစိုးရတပ်မတော်က လမ်းဖောက်လုပ်နေတာကြောင့် KNU က တပ်ရင်း ၈ နယ်မြေအတွင်း ဒေသခံတွေ ကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း စာထုတ်ပြန်လိုက်ပါတယ်။

NCA စာချုပ်သဘောတူညီချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဧရိယာအတွင်း တစုံတစ်ခု ပြုလုပ်မယ် ဆိုရင် သဘောတူညီချက် ရယူရမယ်ဆိုတဲ့အချက်ကို တပ်မတော်ဘက်က လိုက်နာမှုမရှိတဲ့အတွက် KNU က စာထုတ်ပြန်လိုက်တာလို့ ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဆန်းဦး က ပြောပါတယ်။

"NCA မူပါအချက်အလက်တွေအရ လုပ်ငန်းတွေလုပ်ရင် နှစ်ဖက်တပ်တွေညှိနှိုင်းရမယ်လို့ ပါရှိတယ်လေ။ တပ်မတော်က ပူးပေါင်းဆောင်ရွက်တာမရှိပဲ အဲဒီမှာ တပ်တွေဝင်သွားပြီး လမ်းဖောက်မယ်ဆိုပြီးလုပ်တော့ ဟိုဘက်ကလည်း စာပြန်ထွက်တာပါ"

တပ်မတော်က KNU တပ်ရင်း ၈ ပိုင် ဧရိယာအတွင်းက ကော့ပြင်းကျေးရွာကနေ မွေတော်အထိ လမ်းဖောက်လုပ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ KNU တပ်က တာဝန်ရှိသူတွေနဲ့ တပ်မတော် တာဝန်ရှိသူတွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပေမယ့် နှစ်ဖက်တင်းမာမှုတွေ ရှိနေတယ်လို့လည်း ဦးတင်ဆန်းဦး က ပြောပါတယ်။

KNU တပ်ရင်း ၈ ဧရိယာအတွင်း ဒေသခံတွေ အမြဲသွားလာနေတဲ့ လမ်းတွေကလွဲပြီး ကျန်တဲ့ လမ်းတွေနဲ့ တော တွင်းကို သွားလာခွင့်မပြုကြောင်း KNU က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။