ကိုနန္ဒာစစ်အောင်ကို ကမာရွတ်ရဲစခန်းမှာ ရုံးထုတ်မည်

0:00 / 0:00

မတ်လ ၂၇ ရက်နေ့က ရန်ကုန်ဆန္ဒပြပွဲအပြီး အဖမ်းခံ လိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်ကို မတ်လ ၃၀ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာ ကမာရွတ် ရဲစခန်းကို ထုတ်မယ်လို့ ဖခင်ဖြစ်သူက တဆင့်သိရ ပါတယ်။

စနေနေ့ကလည်း ကိုနန္ဒာစစ်အောင်ကို မိသားစုက လမ်းမတော်ရဲစခန်းမှာ ၁၀ မိနစ်နီးပါးတွေ့ခွင့်ရခဲ့တယ် လို့ ပြောပါတယ်။ သူ့ကို သပိတ်ကိစ္စတွေနဲ့ ပတ်သက် လို့ အမှုပေါင်း ၃၈ မှုလောက်ဖွင့်ထားတယ်လို့ ဖခင်ဖြစ်သူ ဦးဌေးက RFA ကိုပြောပါတယ်။

"ဒီ ၂ လပိုင်းကအပါအဝင် တချို့ကိစ္စတွေကသူ ဦးဆောင်တာမဟုတ်ဘူး၊ လူငယ်တွေ ဆောင်ရွက် ကြတာ၊ ဒါပေမဲ့ သူ့နာမည်နဲ့ အကုန်အမှုဖွင့်ခံရ တာ၊ အားလုံးပေါင်း ၃၈ မှုလောက်ရှိ တယ်၊ နောက်ထပ်ဘယ်လောက်တိုးဦးမလဲ မသိဘူး"

ကိုနန္ဒာစစ်အောင်ဟာ ၂၀၀၃ ခုနှစ်ကလည်း ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ အချခံရပြီး၊၂၀၁၂ ခုနှစ် မှာပြန်လွတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပင်မသပိတ် စစ်ကြောင်း ကိစ္စအတွက် ဝရမ်းထုတ်ခံရပြီး အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

ကိုနန္ဒာစစ်အောင် အမှုကိစ္စနဲ့ ပတ်သက်လို့ ဖခင်ဖြစ်သူ ရှေ့နေ ဦးဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။