တရုတ်မြန်မာနယ်စပ်ဒေသ တရုတ်နိုင်ငံဘက်ခြမ်းမှာ မတ်လ ၁၃ ရက် သောကြာနေ့က ကျရောက်ခဲ့တဲ့ဗုံး ဟာ သူတို့ပစ်တဲ့ဗုံးမဟုတ်ဘူးလို့ MNDAA ကိုးကန့်အဖွဲ့ က ငြင်းဆိုလိုက်ပါတယ်။
ကိုးကန့်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေရဲ့တိုက်ပွဲမှာ တရုတ်နိုင်ငံဘက်ကို ကျသွားတဲ့ဗုံးကြောင့် တရုတ်နိုင်ငံ သား ၄ ဦး သေဆုံးပြီး တချို့ဒဏ်ရာရသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က သူတို့ပစ်တဲ့ ဗုံးမဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ကိုးကန့်အဖွဲ့အနေနဲ့ လည်း တရုတ်ပြည်ကို ကျောပေးထားတာဖြစ်တဲ့အတွက် သူတို့ပစ်တာမဟုတ်ဘူးလို့ မြန်မာအမျိုးသား ဒီမိုကရေစီ တပ်ဖွဲ့ (ကိုးကန့်အဖွဲ့) က ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက RFA ကို ပြောပါတယ်။
"ဗမာအစိုးရကနေပြီးတော့ သတင်းမှာ ကျနော်တို့ကို စွပ်စွဲထားတာရှိတယ်။ အဲဒါကတော့ လုံးဝအဓိပ္ပါယ်မရှိပါဘူး ၊ ကျနော်တို့ ငြင်းပါတယ်။ သူတို့လေယာဉ်နဲ့ ဗုံးကြဲတာကို လွန်ပြီးတော့ တရုတ်ပြည်ဘက် ရောက်သွားတယ်။ အဲဒီမှာ တရုတ်နိုင်ငံသား ၄ ယောက်သေတယ်၊ ၉ ယောက်ဒဏ်ရာရတယ်။ အဲဒီကိစ္စကို ကျနော်တို့ကလုပ် ပါတယ်လို့ စွပ်စွဲထားတယ်၊ အစိုးရက ကျနော်တို့ မျက်နှာမူထားတာ ကိုးကန့်ဘက်မှာ ကျနော်တို့ရဲ့ရန်သူက ကိုးကန့်ဘက်ကနေလာတာပါ။ တရုတ်ပြည်ကနေလာတာမဟုတ်ပါဘူး။ အဲဒီတော့ မှားပစ်စရာလဲ အကြောင်းမရှိဘူး။ ပြီးတော့ အဲလောက်ကြီးတဲ့လက်နက်လည်း ကျနော်တို့မှာ မရှိဘူး"
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်အစိုးရက မြန်မာအစိုးရကို တရားဝင်ကန့်ကွက်တာတွေရှိခဲ့သလို နယ်စပ်မှာ တရုတ်စစ်အင်အားတွေ တိုးချထားတယ်လို့လည်း သိရပါတယ်။
လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကတည်းက ကိုးကန့်အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်က ရဟတ်ယာဉ်၊ လေယာဉ်ပျံတွေကို အသုံးပြုပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ်။ အခုလို တရုတ်ပြည်ဘက် ဗုံးဆံကျပြီးတဲ့ နောက်ပိုင်း မြန်မာအစိုးရတပ်က ကိုးကန့်ကို တိုက်ခိုက်ရာမှာ လေယာဉ်သုံးတာမရှိတော့ဘူးလို့လည်း
