ရန်ကုန်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးနေချိန်အတွင်း MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ် ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
လောက်ကိုင်မြို့အရှေ့ဘက် ခုတ်ထန်ဒေသမှာ ဗျူဟာ အရ အရေးကြီးတဲ့တောင်ကုန်းတွေမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အစိုးရစစ်တပ်ဘက်က သတင်း ထုတ်ပြန်ရာမှာ မတ်လ ၁၆ ရက်နေ့ တိုက်ပွဲအပြီး ကိုးကန့်တပ်သားအလောင်း သုံးလောင်း၊ မူးယစ်ဆေးဝါး နဲ့ လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ကုန်းကြမ်းမြို့ လော်ကွာကျိုင်းနဲ့ မာလုရွှေကျေးရွာတဝိုက် မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး မြန်မာ့တပ်မတော်စစ်သည် ၃ ဦးကျဆုံးပြီး၊ ၄ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်အစိုးရအာဘော် Global Times သတင်းစာကတော့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အခုထိ မြန်မာအစိုးရတပ်ဘက်က ၈၄ ယောက်ကျဆုံး၊ ၂၁၄ ယောက် ဒဏ်ရရခဲ့ပြီး၊ ကိုးကန့်တပ်သားအလောင်း ၉၈ လောင်းနဲ့ တပ်သား ၃၀ အရှင်ဖမ်းမိခဲ့တယ်လို့ သိရကြောင်း ဖေါ်ပြထားပါတယ်။
