ခိုထောင်းကျွန်းလူသတ်မှှု မြန်မာ လူငယ်နှစ်ဦးကို ကော့စမွီတရားရုံး မှာ တရားစွဲဆို

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်မှုနဲ့ တရားစွဲထိန်းသိမ်းခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို ဒီကနေ့ ကော့စမွီတရားရုံးမှာ တရားစွဲဆို မှာဖြစ်ပါတယ်။

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့အမှုကို ထိုင်းရဲတပ်ဖွဲ့ က တရားစွဲဆိုဖို့အကြိမ်ကြိမ် အမှုတွဲတင်ခဲ့ပေမဲ့ တရားရုံး က လိုအပ်တဲ့အချက်အလက်မပြည့်စုံဘူးဆိုပြီး ပယ်ချခဲ့ ပါတယ်။မနေ့ကတော့ တရားရုံးက တရားစွဲဆိုဖို့လက်ခံ ခဲ့ပါတယ်။သူတို့နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုး မှု၊တရားမဝင်နေထိုင်မှု၊ပြစ်မှုထိမ်ချန်မှုစတဲ့ စွဲချက် ၆ ချက်နဲ့ တရားစွဲဆိုမယ်လို့ သိရပါတယ်။ လိုအပ်တဲ့ သက်သေအထောက်အထားတွေ အခိုင်အလုံတင်ပြ သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

စွပ်စွဲခံရသူ မြန်မာလူငယ်နှစ်ဦးကတော့ သူတို့ကို ထိုင်းရဲ ကခြိမ်းခြောက်နှိပ်စက်ခဲ့လို့ ဝန်ခံခဲ့ရတာဖြစ်ကြောင်း၊ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် သက်သေ အားလုံး ရဲရဲ ဝံ့ဝံ့ လာရောက်ထွက်ဆိုပေးကြဖို့ အင်္ဂါနေ့က တရားရုံးကိုစာပေးပို့ခဲ့ပါတယ်။

ဒီအတွင်း ထိုင်း ဒုတိယရဲမင်းကြီးက ထိုင်းရဲတပ်ဖွဲ့အနေနဲ့ မြန်မာလူငယ်နှစ်ဦးကို လူသတ်မှု နဲ့ထိန်းသိမ်း ထားစဉ်အတွင်း လုပ်ထုံးလုပ်နည်းနဲ့အညီသာ စစ်ဆေးခဲ့ပြီး၊ဘယ်လို အကြမ်းဖက်မှုမျိုးမှ မလုပ်ခဲ့ကြောင်း ထိုင်းအမျိုးသား လူ့အခွင့် အရေးကော်မရှင် NRHC ရဲ့ အဖွဲ့ခွဲတစ်ခုရဲ့ရှေ့မှောက်မှာ ဗုဒ္ဓဟူးနေ့က ထွက်ဆိုခဲ့ပါတယ်။

ထိုင်း ဒုတိယရဲမင်းကြီးဟာ NRHC နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ်ရက်ရွှေ့ဆိုင်းခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တာဖြစ်ကြောင်း The Nation သတင်းစာ က ဖေါ်ပြပါတယ်။