ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ


2013.11.19

တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ်  ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို အခုလို ပြောပါတယ်။

"ပန်းပဲတန်းမြို့နယ် တရားရုံးက အမှုနှစ်ခုအတွက် ပုဒ်မ ၁၈ အရ တစ်မှုကို ထောင် ၃ လစီ ကျခံစေဆိုပြီးတော့ချတယ်၊ ကျောက်တံတားမြို့နယ် တရားရုံးက ၃ လတစ်မှုကျတယ်၊ ဒါပေမယ့်လို့ မင်္ဂလာတောင်ညွန့်နဲ့ တာမွေတရားရုံးတို့က ချမှတ်ထားတဲ့ပြစ်ဒဏ်နဲ့ တစ်ပေါင်းတည်းကျခံစေဆိုပြီးတော့ အမိန့်ချတယ်"

ကိုထင်ကျော်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်တွေက ပုဒ်မ ၁၈ နဲ့ တရားစွဲထားတာပါ။ တာမွေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေက ၆ လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒီနေ့ ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေက ၃ လစီ ပြစ်ဒါဏ်ချမှတ်ခဲ့တာပါ။

ကိုထင်ကျော်နဲ့အတူ တရားစွဲဆိုခံထားရသူ ဦးဇော်ဝင်းကိုလည်း ပုဒ်မ(၁၈) နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။