ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ရုံးချုပ်ကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသားအားလုံးအတွက် အမျိုးသား ရင်ကြားစေ့ရေးနဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ မဖြစ်မနေ ကြိုးစားသွားမယ်လို့ ဒီနေ့ ရုံးချုပ်ဖွင့်ပွဲမှာ ပြောပါတယ်။
“နိုင်ငံတော်အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနဲ့ ဘက်စုံအသွင်ကူးပြောင်းရေးလုပ်ငန်း ကို ထောက်ခံအားပေးမည်၊ ပါတီက ပြည်သူလူထု အကျိုးကို အစဉ်အမြဲ ရှေ့ရှုလုပ်ဆောင်သွား မည်ဖြစ်ပါတယ်၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေးကို အစဉ်အမြဲ ဦးထိပ်ပန်ပြီး အထူးသဖြင့် ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး အမျိုးသားရင်ကြားစေ့ရေးကို မဖြစ်မနေတည်ဆောက်သွားနိုင်အောင် နည်းလမ်းရှာပြီး ကြိုးပမ်းသွားမယ်”
ဒါ့အပြင် သူတို့ပါတီအနေနဲ့ သဘာဝပတ်ဝန်းကျင ်ထိန်းသိမ်းရေးနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ပါတီတည်ထောင်ခွင့်ရရှိထားပြီး ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားပါတီ ၃ ခု၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖံ့ွဖြိုးတိုးတက်ရေးပါတီ စုစုပေါင်း တိုင်းရင်းသားပါတီ ၅ ခု တည်ထောင်ခွင့်ရရှိထားပါတယ်။