ကွာလာလမ်ပူမြို့ မြန်မာအရောင်းဆိုင် အကြမ်းဖက်သမားများ ဖျက်ဆီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့လယ်က ရခိုင်တိုင်းရင်းသား ဦးစောအောင် ပိုင်ဆိုင်တဲ့ မြန်မာ့ဥယျာဉ် အမည်ရှိ အရောင်းဆိုင်ကို သောကြာနေ့ ညနေ (၅) နာရီလောက်က အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

2012.08.03

အကြမ်းဖက်သူ ( ၅၀) နီးပါးဟာ မြန်မာဥယျာဉ်ဆိုင်ရဲ့ အောက်ထပ်မှာရှိတဲ့ စားသောက်ကုန် အရောင်းဆိုင်မှန်ကို ရိုက်ခွဲ ဝင်ရောက်လာကြတာဖြစ်ပြီး ဆိုင်အတွင်းရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီး သွားကြတယ်လို့ မြန်မာဥယျာဉ်ဆိုင်ရဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ဒေါ်ခင်ခင်စန်းအေးက RFA ကို ပြောပါတယ်။

"မှန်တွေကို ခွဲပြီးသူတို့ အထဲကို ဝင်ပါတယ်။ ကွန်ပြူတာ ကောင်တာရှိပါတယ်။ နောက်ပြီး Air ticket ရောင်းတဲ့ ကောင်တာရှိပါတယ်။ ဒီ စတိုးရောင်းတဲ့ ကောင်တာမျိုးတွေ ရှိပါတယ်။ အဲဒါတွေအကုန်လုံး သူတို့ဖျက်ဆီးတယ်။ ကွန်ပြူတာတွေကိုလည်း ရိုက်ခွဲတယ်။ ရှိသမျှပစ္စည်း တစ်ဝက်ကျော်ကျော် လောက်က အကုန်လုံး ဖျက်ဆီးပစ်လိုက်တယ်။ အတွင်းထဲတောင် ဝင်လို့မရဘူး။ ဝန်ထမ်းတွေကလည်းပဲ အပေါ်ကို သူတို့ကြောက်တော့ အကုန်လုံး ပြေးပြီး တနေရာမှာ သူတို့သွားပုန်းနေကြတာပေါ့"

အကြမ်းဖက် ဖျက်ဆီးသူတွေဟာ ရိုဟင်ဂျာဆိုတဲ့ စာတန်းတံဆိပ်ပါ တီရှပ်တွေကို ဝတ်ထားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပြီး အပြန်မှာ အဲဒီဆိုင်ကို ဝင်ရောက် ဖျက်ဆီးခဲ့တာ ဖြစ်မယ်လို့ ယူဆကြပါတယ်။

အကြမ်းဖက်သူတွေထဲက (၈) ဦးကို မလေးရှားရဲက ဖမ်းဆီးမိထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။