အတည်မပြုနိုင်သေးတဲ့ နောက်ဆုံးရ သတင်းတွေအရ လူအသေအပျောက် ရှိတယ်လို့ သိရပါတယ်။ အောက်တိုဘာ လဆန်းပိုင်းကလည်း ဇော်ဂျီမြစ်နဲ့ မြစ်ငယ်မြစ် ရေကြီးလာတာကြောင့် ကျောက်ဆည်မြို့ရေလွှမ်းသွားခဲ့ရပြီး သောက်သုံးရေ အပါအဝင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်ခဲ့ ပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ ကျောက်ဆည် ရေဘေးသင့် ပြည်သူတွေ အတွက် မန္တလေးမြို့ခံတွေက တတ်နိုင်တဲ့ အကူအညီတွေ ပေးပို့နေတယ်လို့ သိရပါတယ်။