အကြမ်းဖက်မီးရှို့မှု သံသယရှိသူ အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေး

မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုတွေနဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ စစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
2012-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ရွာသားတွေကို ခေါ်ပြီးတော့ စစ်ပါတယ်။ ၃ ရက်လောက်တော့ ရှိပြီ။ သူကရောက်လာပြီးတော့ ဒီအတိုင်းခေါ်ပြီးတော့ စစ်တယ်။ ဘယ်နေ့ ဘယ်နေ့ဆိုပြီးတော့ မရှိပါဘူး။ စာရွက်တွေနဲ့ လာပြီးတော့ ပေးတယ်။ သူတို့က မီးရှို့တဲ့ လူတွေဆိုပြီးတော့။ အဲတာ သူတို့က ခေါ်ပြီးတော့ စစ်တာပါ။ ဖမ်းဆီးမှုက ရှိပါတယ်"

စစ်တပ်နဲ့ အာဏာပိုင်တွေက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေပြီး ဒီကနေ့အထိ ဖမ်းဆီးခံရသူတွေထဲမှာ တောင်ဘွေကျေးရွာက (၇) ယောက်၊ ကျောက်ဖြူရွာသစ်နဲ့ ကသစ်တော ကျေးရွာက (၈) ယောက် အပါအဝင် (၁၅) ယောက်ထက် မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့ နေ့လည်ပိုင်းကလည်း ကျောက်တော်မြို့နယ် ရွာသစ်ကေနဲ့ ကာညိုပြင် ကျေးရွာတွေမှာ စစ်တပ်နဲ့ အာဏာပိုင်တွေက ရွာခံတွေကို ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့ကစပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးရ သတင်းတွေအရ ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ (၁၃) ယောက် သေဆုံးပြီး ဆန်စက်တစ်လုံး အပါအ၀င် နေအိမ် (၃၃၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရာမှာ လူဦးရေ (၃၀၀၀) လောက် ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေသအာဏာပိုင်တွေက သြဂုတ်လ (၈) ရက်နေ့မှာ ကျောက်တော်မြို့နယ် တစ်ခုလုံးကို ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အခြေအနေ မှာတော့ ကျောက်တော်မြို့မှာ အခြေအနေတွေ ငြိမ်သက်နေပေမဲ့ နှစ်ဖက် တင်းမာမှုတွေ ရှိနေသေးတဲ့အတွက် နယ်ဘက်တွေမှာ စိတ်ချလို့ မရသေးတဲ့ အနေအထားမျိုး ရှိနေသေးတယ်လို့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်အမတ် ဦးစောငြိမ်းက ဆိုပါတယ်။

"၁၄၄ လည်းထုတ်ထားတယ်ဆိုတော့ လက်ရှိ အခြေအနေကတော့ မြို့ပေါ်မှာ တည်ငြိမ် အေးချမ်းမှုတော့ ရှိနေပါတယ်ခင်ဗျ။ နယ်တွေဘက်တွေမှာ ကျတော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် တင်းမာမှုနဲ့ ပတ်သက်ပြီးတော့ ဒါမီးလောင်မှုတွေ ဖြစ်ပေါ်တယ်လေ။ လက်ရှိအခြေအနေ အရတော့ ကျွန်တော်တို့က ဒီ ၁၄၄ ထုတ်တာလည်း သိတ်မကြာသေးဘူးလေ။ ၁ ရက် ၂ ရက်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ ဘယ်နေ့ ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတဲ့ အကြောင်းကိုတော့ ကျွန်တော်တို့ မသိသေးဘူး"

ကျောက်တော်မြို့နယ် တစ်ခုလုံးကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးတဲ့ နောက် မီးရှို့ခံရတဲ့ ကျေးရွာတွေ တစ်ဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့တွေ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

chingluu

နေရပ်- p k

ပွင့်ပွင့်လင်းလင်းပါပဲ ပြည်ခိုးဝင်ပြီး ပြည်ကိုဒုက်ခပေးတဲ့သူတွေကို မောင်းထုတ်လိုက်ပါ မြန်မာတွေ သူများနိုင်ငံမှာနေပေမဲ့ အဲလိုမဆိုးဘူး အဲဒါသေချာတယ် အကောင်းဆုံး တိုင်းရင်းသားရခိုင်ပြည်မှာ ငြိမ်းချမ်းချင်တယ်ဆိုရင် ရိုဟင်ဂျာတွေ အဲဒီဒေသမှာ မရှိသင့်တော့ဘူး မေးလိုက်ချင်ပါတယ် ရခိုင်ဆိုတာ မြန်မာတိုင်းရင်းသားလို့ သတ်မှတ်ပါသေးလားဆိုတာပဲ

Aug 13, 2012 01:30 AM

အမည်မဖော်လိုသူ

Yes, I agree that, we should not support who try to destory our peaceful community in this world, no matter who they are ( same race or same religion ) we should not support them. If we support them, we ALL will get trouble when the WAR is become...

Aug 13, 2012 12:23 AM

အမည်မဖော်လိုသူ

မီးရှို့တယ်ဆိုတာတော့မကောင်းပါဘူးလူအများဒုတ်ခရောက်စေပါတယ်

Aug 12, 2012 10:13 AM