ကျောက်တော်မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ (၇) ဦးအထိရှိခဲ့ပြီး၊ ကျောက်တော်မြို့နယ် တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
2012-08-09
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

"ကျောက်တော်မြို့ပေါ်မှာ ဖြစ်တာမဟုတ်ဘူး။ အဲဒီဘေး ပတ်ဝန်းကျင်တွေမှာ ဖြစ်တာ။ မြို့ပေါ်ကို ကူးလာပြီး ဖြစ်လာမှာစိုးလို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာ။ လောလောဆယ် ကျွန်တော်တို့က ၇ ယောက် သေဆုံးတယ်လို့တော့ သတင်းရထား ပါတယ်။ ကျန်တောတွေကတော့ လောလောဆယ် ကျွန်တော်တို့ဆီ တက်မလာသေးတော့လေ၊ ကျွန်တော်တို့ အတည်ပြုရခက်သေးလို့ပါ။ ဖမ်းဆီးထားတာတော့ မရှိသေးပါဘူးခင်ဗျ။ အခု ကျွန်တော်တို့ သိရတဲ့ အချိန်အထိတော့ ဖမ်းဆီးထားတာ မရှိသေးပါဘူး"

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် နေအိမ် ၂၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး လုံခြုံရေးတွေ ချထားတာကြောင့် ကျောက်တော်မြို့မှာ အခြေအနေတွေ လတ်တလော ငြိမ်သက်နေပါတယ်။ ဒါပေမယ့် နယ်တွေနဲ့ ဆက်သွယ် သွားလာရေးမှာတော့ စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက် နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ မနေ့က အကြမ်းဖက်သမားတွေ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားပြီး ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ကိုလည်း မနေ့က ၂ လသက်တမ်း ထပ်တိုးလိုက်တယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေ ၄ နာရီခန့်အချိန်က မင်းပြားမြို့မှာ မြစ်ထဲကနေ ခမရ ၃၇၇ က စစ်သားတွေနဲ့အတူ စီးနင်းလိုက်ပါလာတဲ့ သမ္ဗာန်ပေါ်က ဘင်္ဂါလီ ရိုဟင်ဂျာအချို့နဲ့ ထောင်နဲ့ချီတဲ့ မင်းပြားမြို့ခံတွေအကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေက လူစုခွဲလိုက်တဲ့အတွက် တစ်စုံတစ်ရာ ပဋိပက္ခတွေ ဖြစ်ပွားတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

mgtshwe

why not stop rakhine terrorist.how brutaly burn rohuingya village?

Aug 10, 2012 09:41 AM

Thant Sin Tun

နေရပ်- USA

Everyone please pay attention to that, Bengali are the one who start the problem. They want to create the problem in order to get world and muslim countries attention. And them they blame to Rekhineese and Myanmar goverment. Again they are the problem maker and lier .

Aug 09, 2012 06:58 PM