ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်မှာ အခြေအနေက ပိုဆိုးပြီး အစ္စလမ်ဘာသာဝင်တွေရဲ့ ဗလီနှစ်လုံး မီးရှို့ခံရတယ်လို့လည်း ပြောကြပါတယ်။ ဗလီမီးရှို့မှုဖြစ်စဉ်မှာ နှစ်ဖက် တင်းမာလာတာကြောင့် စစ်တပ်က ပစ်ခတ်ပြီး ဖြိုခွဲရာမှာ သေဆုံးသူ ၃ ဦးလောက်ရှိပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်အထိ ရှိတယ်လို့ ပြောကြပါတယ်။
နောက်ဆက်တွဲ အနေနဲ့ ရိုဟင်ဂျာတွေဟာ စစ်တွေမြို့ကနေ စက်လှေတွေနဲ့ ထွက်ပြေးကြရပြီး ကျောက်ဖြူ ပင်လယ်ဝမှာ စက်လှေတွေပေါ်မှာ နေထိုင်နေသူတွေ ရာဂဏန်းအထိ ရှိတယ်လို့ အာအက်ဖ်အေက မေးမြန်းခွင့်ရတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
မြောက်ဦးမြို့မှာလည်း အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်က ပရိန် နဲ့ ပရိန်ကုန်းကျေးရွာမှာ နှစ်ဖက် တင်းမာမှု ဖြစ်ပြီး စစ်တပ်က ၀င်ရောက်ဖြေရှင်းခဲ့ရတယ်လို့သိရပါတယ်။ အဲဒီ နယ်မြေတွေအတွင်းမှာ အစိုးရက လုံခြုံရေးအင်အား လုံလောက်အောင် မဖြည့်ဆီးပေးနိုင်တာကြောင့် နှစ်ဖက်တင်းမာမှုတွေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူးလို့ ရခိုင်အမျိုးသာားများ တိုးတက်ရေးပါတီ RNDP မြောက်ဦးမြို့နယ် ဥက္ကဌ ဦးအေးမောင်သန်းက အာအက်ဖ်အေကို ပြောပါတယ်။ ဒါ့အပြင် မြောက်ဦးမြို့နယ်ထဲမှာ လူ ၅ ယောက်ထက် ပိုမစုရ အမိန့်ထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ရပ်ကွက်တွေအတွင်းမှာ လိုက်လံသတိပေးနေတယ်လို့ လည်း သိရပါတယ်။
ကျောက်ဖြူ ၊ မြောက်ဦး နဲ့ တခြားနေရာတွေက အခြေအနေတွေကို ထိမ်းသိန်းနိုင်အောင် လုံခြုံရေးအင်အား တိုးချဲ့ချထားဖို့ နိုင်ငံတော်သမ္မတကြီးက ညွှန်ကြားထားပြီဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
ကျောက်ဖြူ ပိုက်ဆိပ်ရပ်ကွက်ကနေ ထွက်ပြေးကြပြီး ပင်လယ်ဝမှာ စက်လှေတွေပေါ် နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ ရာဂဏန်းအထိ ရှိတယ်လို့ သိရပါတယ်။ အဲဒီအထဲက တစ်ယောက်ကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးဝင်းနိုင်က မေးမြန်းထားပါတယ်။
| ဒေသခံ ရိုဟင်ဂျာ |
|
| အသံဖိုင်ယူရန် |
ကျောက်ဖြူမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ နဲ့ ပတ်သက်ပြီး မြို့ခံ ရခိုင်တိုင်းရင်းသားတစ်ဦးကို အာအက်ဖ်အေ ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
| ဒေသခံ ရခိုင်တိုင်းရင်းသား |
|
| အသံဖိုင်ယူရန် |
ရခိုင်ပြည်နယ် အခြေအနေကို ခြုံပြီးသိရအောင် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
| RNDP အမတ် |
|
| အသံဖိုင်ယူရန် |
ရခိုင်ပြည်နယ် ပဋိပက္ခမှာ အခြေအနေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားဖို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားလိုက်ပြီလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ ဒေါ်သင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
| သမ္မတရုံး ညွှန်ကြားရေးမှူး |
|
| အသံဖိုင်ယူရန် |