ဦးကျော်သူရဲ့ ပုံတူ ရေးဆွဲထုလုပ်တဲ့ အခမ်းအနားကျင်းပ

နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)က ပန်းချီ၊ ပန်းပုပညာရှင် (၄၀) က ဦးကျော်သူရဲ့ ပုံတူရေးဆွဲ ထုလုပ်တဲ့ အခမ်းအနားတစ်ရပ်ကို မနေ့က ကျင်းပခဲ့ပါတယ်။
2012-08-05
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက နာရေးကူညီရေး အသင်းရုံးချုပ်မှာ မနေ့ မနက် (၉) နာရီ ကနေ ညနေ (၅) နာရီအထိ ကျင်းပခဲ့တာပါ။ အခုလို အနုပညာသည်တွေ လာရောက်ပြီး အနုပညာနဲ့ ဂုဏ်ပြုတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဦးကျော်သူက RFA ကို ပြောပါတယ်။

အနုပညာရှင်တွေ ရေးဆွဲထုလုပ်ခဲ့တဲ့ ဦးကျော်သူရဲ့ ပုံတူ လက်ရာအများစုကို နာရေးကူညီမှုအသင်း ရုံးခန်းမှာ ချိတ်ဆွဲ ပြသထားမှာဖြစ်ပြီး တချို့ကိုတော့ တခြားရန်ကုန်မြို့က အနုပညာပြခန်းနဲ့ ပြပွဲတွေမှာ ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

အနုပညာရှင်တွေဟာ လူမှုရေး ပရဟိတလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ ဦးကျော်သူရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို ထင်ဟပ်ပြီး ပုံဖော် ရေးဆွဲကြတာလို့ ပန်းချီဆရာတစ်ဦးက RFA ကို ပြောပါတယ်။

နာရေးကူညီမှုအသင်း အနေနဲ့ မျက်စိ ဝေဒနာရှင်တွေကို ဆေးဝါး အခမဲ့ ခွဲစိတ်ကုသရေး လုပ်ငန်းအပြင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်နေတယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

မင်းမင်းမောင်

နေရပ်- စစ်ကိုင်းမြို့

ဦးကျော်သူ ကို အရမ်းအားကျပါတယ်...... ဦးကျော်သူ နောင်ဘ၀ ဆက်ဆက်တိုင်း ဒီထက်မက အလှုကြီးကြီး တွေ လှုနိုင်တန်းပါစေလို့ ညီ ဆုတောင်ပေးပါတယ်....... ညီ လဲ အကို လိုအလှုမျိုးတွေ အရမ်းလှုချင်ပါတယ်..... အခုတော့ အခွင့် မရှိသေးလို့ အကို ရဲ့ အလှု ကို ညီ ရဲ့ အလှုလို သဘောထားပြီး သာဓု ခေါ်လိုက်ပါတယ်...... သာဓု သာဓု သာဓု........ အကို ကျော်သူ တယောက် ကျန်းမာ ချမ်းသာပါစေ..........

Aug 06, 2012 09:00 AM

Than Naing

နေရပ်- Yangon,Myanmar

I ALWAYS RESPECT TO YOUR ACTIVITIES ALL OF KO KYAW THU.

Aug 06, 2012 08:28 AM

Than Naing

နေရပ်- Yangon,Myanmar

I ALWAYS RESPECT TO YOUR ACTIVITIES ALL OF KO KYAW THU.

Aug 06, 2012 08:19 AM