အလုပ်သမားအဖွဲ့အစည်း ဥပဒေမူကြမ်း အတည်ပြု

2011-08-29

ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် အဆိုပြု တင်သွင်းတဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေမူကြမ်းကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ အတည်ပြုလိုက် ကြောင်း သိရပါတယ်။

AFP PHOTO/POOL/NYEIN CHAN NAING

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။

ဒီဥပဒေမူကြမ်းအရ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိမှာဖြစ်ပြီး အလုပ်သမား အခွင့်အရေးတွေကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က RFA ကို ပြောပါတယ်။

“အလုပ်သမားတွေ အကျိုးအတွက် ကော်မတီတွေဖွဲ့၊ ရန်ပုံငွေတွေ ထောင်၊ တောင်းဆိုချက်တွေ ညှိနှိုင်းချက်တွေ လုပ်ပေါ့ဗျာ။ အဲလိုမှ မရလို့ ဆန္ဒပြချင်တယ် ဆိုရင်လည်း သက်ဆိုင်ရာ… မှာတင်ပြပြီးတော့ ဆန္ဒပြကြပေါ့ဗျာ”

ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ၁၉၆၂ ခုနှစ် တရားရုံး ညွှန်ကြားလွှာပါ အကျဉ်းထောင်တွေကို တရားသူကြီးတွေ သွားရောက်ပြီး အကျဥ်းသားတွေရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။

လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးဖို့ ရှိတဲ့ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေရဲ့ ဒေါ်လာဈေး ပြန်လည်သတ်မှတ်ရန် အဆိုကိုတော့ အချိန်အခက်အခဲကြောင့် ဆိုပြီး မဆွေးနွေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်