လိုင်ဇာမြို့အနီး ကေအိုင်အေ စခန်း လေကြောင်းမှ ဆက်လက်ပစ်ခတ်

KIO ဌာနချုပ် လိုင်ဇာမြို့နားမှာ အစိုးရတပ်တွေက ဒီနေ့ နေ့လည်နဲ့ ညနေပိုင်းတွေမှာ လေကြောင်း ကနေ လေယဉ်တွေ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လိုင်ဇာမြို့နဲ့ ၁ဝ မိုင်အကွာ ဖွန်းပျဉ်ဘွမ် တောင်ကုန်းကို အစိုးရတပ်တွေက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သောတရှင်တစ်ဦးကလဲ အီးမေးလ်နဲ့ သတင်းပို့ပါတယ်။

ဒီတောင်ကုန်းတွေကျသွားရင် လိုင်ဇာမြို့ကျသလိုဖြစ်ပြီလို့ ABSDF မြောက်ပိုင်းအဖွဲ့ဝင် ကိုမင်းဌေးက ဆိုပါတယ်။ RFA က ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းတဲ့အချိန်မှာလဲ သေနတ်သံတွေကြားနေရပါတယ်။

ကိုမင်းဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00