လယ်ယာဥပဒေ ပြင်ဆင်ရေး ဆွေးနွေး

2011-09-28

မြန်မာနိုင်ငံက တောင်သူ လယ်သမားတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ရရေးနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုခဲ့ပြီး၊ အခုတခါ အမျိုးသား လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ သုံးသပ် ဆွေးနွေးနေကြပါတယ်။

(Photo: AFP)

လယ်သမားတဦး ကျွဲတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီဥပဒေမူကြမ်းဟာ တောင်သူလယ်သမားတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ရပြီး မိမိတို့ရဲ့လယ်ယာမြေကို ပေါင်နှံ ချေးငှားခွင့်နဲ့ လက်ပြောင်း လက်လွှဲ လုပ်ပိုင်ခွင့်တွေ ရနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဥပဒေ မူကြမ်းမှာ လယ်သမားတွေ ရသင့်တဲ့ အခွင့်အရေး အတွက် ဖြည့်စွက်သင့်တာတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

လွှတ်တော်ကို ရောက်လာတဲ့ တိုင်စာတွေထဲမှာ အများစုက လယ်ယာ အသိမ်းဆည်း ခံနေရတဲ့ကိစ္စ ဖြစ်တာကြောင့် လယ်သမားတွေ နစ်နာချက်တွေကို ဒီနှစ် ဒီဇင်ဘာလ မတိုင်ခင်မှာ ဖေါ်ထုတ် ကူညီသွားမယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက လွှတ်တော်မှာ ကတိပေးသွားတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဉာဏစိုးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒီအတောအတွင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာလည်း `မြန်မာ`ဆိုတဲ့ စကားလုံး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လိုနေရာတွေ မှာသာ သုံးစွဲသင့်တယ် ဆိုတဲ့ အချက် အပါအ၀င် ဆွေးနွေးကြတာတွေနဲ့ ပတ်သက်လို့ သင်္ကန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိမှု အမေရိကန် ကြိုဆို

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်

အစိုးရအဖွဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်းနေ

ဝန်ကြီးဌာနတချို့ ပြင်ဆင်ဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြ

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ဆည်မြောင်းဝန်ထမ်းတွေ ရေမပေးလို့ နွေစပါးတွေ ပျက်တော့မည်