အဓမ္မ မြေယာသိမ်းမှု အရင်ကထက် ပိုများလာ

2011-03-06

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေရာမှာ အခုနောက်ပိုင်း အတင်းအဓမ္မ မြေသိမ်းယာသိမ်းခံရတဲ့ လယ်သမားတွေအတွက် လိုက်လံ ဆောင်ရွက်ပေးရတာတွေ ပိုများလာတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်း ဆောင်ရွက်ပေးနေတဲ့ အမှုတွေထဲမှာ နေပြည်တော်က မြေယာသိမ်းခံရမှုတွေ ပါဝင်သလို၊ မကွေးတိုင်း ကံမမြို့နယ်က လယ်သမားတွေ ကိစ္စလည်း ပါဝင်ပါတယ်။

ကံမမြို့နယ်က အမှုအတွက် ဥပဒေအကြံပေး ဦးအောင်သိန်း ဒီကနေ့ ကံမမြို့နယ်ကိုသွားပြီး လယ်သမားတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။ သူတို့အတွက် ခရိုင်အယူခံကို မနက်ဖြန် တင်ဖို့ စီစဉ်ထားပါတယ်။ နေပြည်တော်က လယ်သမားတွေ ကိစ္စကိုတော့ အဓမ္မမြေယာသိမ်းမှု ပပျောက်ရေး ဆောင်ရွက်နေတဲ့  NLD အဖွဲ့က ဦးသက်ဝေ သွားရောက် ကူညီနေပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဦးသက်ဝေက RFA ကို အခုလို ပြောပါတယ်။

“လယ်သမားကြီး ဦးမြင့်အောင်နဲ့ မိသားစုက NLD ဥပဒေ အထောက်အကူပြုအဖွဲ့ကို အကြောင်းကြားပြီးတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေအရ သူတို့ရဲ့နစ်နာမှုကို ကျနော်တို့ ကုစားပေးနိုင်ဖို့အတွက် အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဥပဒေ အထောက်အကူပြုကနေ အကူအညီ ရယူသွားမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ တဆက်တည်း နေပြည်တော် ဒိုးနွယ်ရွာမှာလည်း လယ်သမားတွေရဲ့ အိမ်ခြံမြေတွေကို စီမံကိန်း နယ်မြေနဲ့ မလွတ်ဘူးဆိုပြီး တရားစွဲထားတာကို NLD ဥပဒေ အထောက်အကူပြုအဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေပါတယ်”

နေပြည်တော် စည်ပင်သာယာက တရားစွဲတာ ခံနေရတဲ့ လယ်သမားကြီး ဦးညွန့်အောင်ဟာ ၂ဝဝ၇ ခုနှစ် ဝန်းကျင်ကလည်း သူပိုင် လယ်မြေ (၁၇) ဧက အသိမ်းခံထားရသူပါ။ အဲဒီနောက် အခုကျန်နေတဲ့ မြေ ၁ ဧကခွဲလောက်မှာ မိသားစုတွေ စုပေါင်းနေထိုင်ကြတာလို့ ဆိုပါတယ်။ အခုနောက်ပိုင်း အဲဒီမြေကွက်ဟာ အကွက်အကွင်းကောင်းထဲ ရောက်နေပြီး တန်ဖိုး အဆမတန် တက်နေတဲ့အတွက် အာဏာပိုင်တွေ သိမ်းဖို့ ကြံစည်ကြတာလို့ ဦးညွန့်အောင်က ပြောပါတယ်။

NLD အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး အရင်ကထက် ပိုအလုပ်လုပ်ကြဖို့ ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရက်က ရန်ကုန်တိုင်း အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ တိုက်တွန်း ပြောဆိုထားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

သပိတ်ကျင်းလယ်ယာမြေသိမ်းယူမှု တိုင်ကြားသူ ဖမ်းဆီးခံရ

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယို ဖြန့်ဝေ

NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို