အကြမ်းဖက်မှုတွေကြောင့် မေလ ၂၈ ရက်က အရေးပေါ်အခြေအနေကြေညာခဲ့ရတဲ့ ရှမ်းပြည်နယ် ၊လားရှိူးမြို့မှာ ညမထွက်ရအမိန့်ကို မနေ့က တစ်နာရီလျှော့လိုက်ပြီး ဒုက္ခသည်တချို့နေအိမ်တွေကို ပြန်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီရိမင်္ဂလာ ရှမ်းဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် တစ်ထောင်ကျော်အနက် ဒုက္ခသည် ၃ဝဝ လောက်ကို လားရှိူးမြို့၊ မိုးလုံလေလုံအားကစားကွင်းကို မနေ့ကပို့လိုက်ပြီးတဲ့နောက် နေအိမ်ပြန်ချင်တဲ့လူတွေကို သက်ဆိုင်ရာက ပြန်ပို့ပေးလိုက်တာလို့ ဆရာတော် ဦး ပုညနန္ဒက မိန့်ကြားပါတယ်။
အခုအခါ အားကစားကွင်းမှာ ဒုက္ခသည် ၈ဝ လောက်ပဲကျန်တော့ပြီး ဘုန်းတော်ကြီးကျောင်းကပဲ ထမင်းဟင်းချက်ပြုတ်ပို့ပေးတယ်လို့ ဆိုပါတယ်။
ညမထွက်ရအမိန့်ကို ည ရနာရီက မနက် ၅ နာရီထိ အမိန့်ထုတ်ပြန်ထားရာက တည်ငြိမ်အေးချမ်းစရှိလာတဲ့အတွက် မနေ့ကစလို့ ည ရ နာရီအစား ၈ နာရီ သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူမျိုးပေါင်းစုံ ချစ်ချစ်ခင်ခင်နေထိုင်လာတဲ့ လားရှိူးမြို့မှာ လူတစ်စုရဲ့ စနစ်တကျအကြမ်းဖက်မှုကြောင့် သက်တမ်းနှစ် ၁ဝဝ ကျော်ရှိတဲ့ ဗလီလည်း ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ရဲ့ နောက်ဆုံးအခြေအနေတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။