ဒီအခြေအနေတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ အစိုးရအတွင်း မတူညီတဲ့ သဘောထားတွေ ရှိတယ်ဆိုတာကို ခန့်မှန်း လို့ရနိုင်တယ်လို့ KIO အဖွဲ့ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။
" လူထုအပေါ် ဆက်ဆံတဲ့အခါ ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ခဲ့ပြီး ဓာတုလက်နက်ပစ္စည်းတွေ ပါဝင်ခဲ့တဲ့အပေါ်မှာ အဆိုးဆုံးလို့ပြောလို့ ရတယ်၊ သူတို့ထဲမှာ အပြင်ပိုင်း ပုံစံသာ ပြောင်းလဲမှု ရှိပေမယ့် အတွင်းပိုင်းက စစ်အာဏာရှင်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေတယ် ဆိုတာ ကျွန်တော်အမြဲပြောဆိုနေတဲ့ ကိစ္စပါ"
ကချင် KIO အဖွဲ့ အချက် ၃ချက်နဲ့ ထုတ်ပြန်တဲ့ သဘောထား ကြေညာ ချက် ထဲမှာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တောင်း ဆိုမှု တွေအပေါ် အစိုးရရဲ့တုန့်ပြန်ချက်ဟာ တရားမျှတမှုမရှိတဲ့ အကြမ်းဖက်မှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသွားတဲ့ ရဟန်း ရှင်လူ ပြည်သူတွေအတွက် ကေအိုင်အိုအနေနဲ့ အထူးဝမ်းနည်းပါကြောင်းလည်း ဖော်ပြထားပါတယ်။
