လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြော

လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2012-11-29
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
dassk-latpadaung-seminer-305
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအနီးက ကံကန်ကုန်းကွင်းပြင်မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ်
Photo : RFA/Win Naung Toe

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် အနီးက ကံကုန်းလို့ခေါ်တဲ့ ကွင်းပြင်မှာ ပြည်သူလူထုတွေကို ၁၀ မိနစ်ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္မဏီက တာဝန်ရှိသူတွေနဲ့ ဒီကနေ့ညနေမှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒီကနေ့ ဟောပြောတဲ့ မိန့်ခွန်းမှာတော့ ဝမ်ပေါင်ကုမ္မဏီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာဆေးရုံမှာကုခံနေရတဲ့ ဒဏ်ရာရ သံဃာတွေကို သွားရောက်ဖူးတွေ့ အားပေးခဲ့ပါတယ်။ သောကြာနေ့ မနက်မှာလည်း ချင်းတွင်းမြစ် ရဲ့ မုံရွာဘက်ခြမ်းက သဲသောင်ပြင်မှာ  မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

ဒါ့ပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီး ကျေးရွာ (၄) ရွာက ဒေသခံတွေ၊ သပိတ်စခန်းတွေဖြိုခွဲ ခံရတာကို ကိုယ်တိုင်တွေ့ကြုံခဲ့သူတွေ နဲ့ တွေ့ဆုံဖို့ အပြင်၊ သပိတ်စခန်းတွေဖြိုခွဲရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ နဲ့လည်း တွေ့ဆုံဖို့တောင်းဆိုထားတယ်လို့ NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်  က ပြောပါတယ်။

ဒီအတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ လာမယ့်နှစ် ဇန်န၀ါရီလ (၃၀) ရက်နေ့မှာ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်ဖွယ်ရှိပါတယ်။ ၂၀၀၄ခုနှစ်အတွက် တောင်ကိုရီးယားကအပ်နှင်းတဲ့ Gwangju လူ့အခွင့်အရေးဆု ကို လက်ခံဖို့ဖြစ်ပါတယ်။

အလားတူ သမ္မတ ဦးသိန်းစိန် ဟာလည်း သြစတေးလျ အစိုးရရဲ့ ဖိတ်ကြားချက် အရ လာမယ့် ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ သြစတေးလျနိုင်ငံ ကို နှစ်ရက်ကြာ သွားရောက်မယ်လို့ သိရပါတယ်။

ကွန်မင့်များ (7)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Please stop coward attack

ပြသနာဟာ လူထုက စတာမဟုတ်ဖူး။ (people NEVER start and create the problem) စစ်ဗိုလ်တွေပိုင်တဲ့ ဦးပိုင်က စတာ။ (Generals EVER create the problem and attack to people and monks) အခုထက်ထိ တရုတ်ဆီက ငွေ (bribe money from Chinese companies) ဘယ်လောက်ရတယ်ဆိုတာ မဖေါ်ပြသေးဘူး။ ငွေတွေရလည်း အောက်ချေ စစ်သည်တော်တွေ တပြားမှမရဘူး၊ စစ်ဗိုလ်တွေကြီးဘဲခွဲယူတယ်။ နာမယ်ပြက်တော့ စစ်တပ်ကြီးတခုလုံးခံရတယ်။ အောက်ချေကစစ်သည်တွေ အကျပ်တွေ ဒီလိုလက်ပိုက်ကြည့် မနေပါနဲ့ တော့၊ လူထုဘက်ကရပ်တည်ပါတော့။ Please stop making license to BULLY ATTACK to people and monks!!!

Nov 30, 2012 02:58 AM

Myanmar government should stop the terrorism

Ex. General Thein Sein, Ex. Major General Aung Minn and General Ko Ko should abstain from COWARDLY attack to innocent people by chemical weapons. We hate COWARDLY ATTACK to innocent people, villagers and monks. Democracy leader Daw Aung San Suu Kyi, please SAVE the people and monks in Burma. You are our REDEEMER OF BURMA.

Nov 30, 2012 02:57 AM

စစ်တပ်ကြီးတခုလုံးလူထုဘက်ကရပ်တည်ပါ

ပြသနာ ဖြစ်လာရင် ခေါင်းသုံးပြီး မဖြေရှင်းဘဲ လက်နက်သုံးပြီး ဖြေရှင်းတာ ဗမာအစိုးရ ရဲ့အကျင့်ဘဲလေ…..ဒီပြသနာ ကတော့ တပူပေါ် နှစ်ပူဆင့် ဆိုသလို ဖြစ်သွားပြီ……ရခိုင်အရေးလဲ မပြီးသေး…..
တမင်တကာ ဖန်တီးထားတဲ့ကိစ္စတွေဘဲဟာ….
အချိန်မရွေး ကိုက်လို့ရတယ်ဆိုပြီး အစွယ် ထုတ်ပြတာသက်သက်….

ဒီလို ယုတ်ညံ့တဲ့ အမူအကျင့်တွေနဲ့…လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ကို လျှာအရိုးမရှိလျှောက်ပြောနေတာ…နောက်ထပ် မျိုးဆက် ၃ ဆက်ကနေ ၅ ဆက် (3 to 5 generations) လူစော်နံဘို့..ဝေးပါသေးတယ်လေ…..။

Nov 30, 2012 02:44 AM

အမည်မဖော်လိုသူ

အမြန်ဆုံးနှင့်တိတိကျကျဖြေရှင်းပေးစေချင်ပါသည်။တရားဥပဒေအတိုင်းဖြစ်စေချင်ပါသည်။

Nov 29, 2012 09:34 PM

Kmm

နေရပ်- Yangon

ပြည်သူနောက်လိုက်ပါတီဖြစ်နေပြီ ပြည်သူ့ရှေ့ဆောင်ပါတီဖြစ်အောင်
ကြိုးစားပါ ။

Nov 29, 2012 08:34 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.