မီးလောင်ဗုံးသုံးဖို့ အမိန့်ပေး သူကို ဖော်ထုတ်ဖို့ တောင်းဆို

0:00 / 0:00

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရေးနဲ့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဗုံးအသုံးပြုဖို့ စေခိုင်းခဲ့တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်ပေးဖို့အတွက် ဆားလင်းကြီးမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ တုန်ရွာသပိတ်စခန်းက ဒေသခံပြည်သူ ၃၀၀ ကျော်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက် နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲမှာ သပိတ်စခန်းတွေကို ဖြိုခွဲတုန်းက အသုံးပြုခဲ့တဲ့ မီးလောင်ဗုံး ပုံစံတူကိုပြုလုပ်ပြီး ချင်းတွင်းမြစ်ထဲကို မျှောခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လက်ပန်းတောင်းတောင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဒေသခံတွေလိုလားတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရုပ်သိမ်းပေးဖို့ဆိုတဲ့ အချက်တွေမပါရင် သူတို့အနေနဲ့ ဆက်လက်ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မစန္ဒာကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။