သမတကတော်ဟောင်း မစ္စက် လော်ရာ ဘုရှ်နှင့် RFA ဆက်သွယ်မေးမြန်းချက်
အမေရိကန် ပြည်ထောင်စုရဲ့ သမတကတော်ဟောင်း မစ္စက် လော်ရာဘုရှ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည် ထွန်းကားဖို့ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ မစ္စက် လော်ရာ ဘုရှ်ဟာ သမတကတော် ဘဝမှာ ထိုင်း-မြန်မာနယ်စပ်အထိ သွားရောက်ပြီး မြန်မာ ဒုက္ခသည်တွေအရေး ကူညီပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပတော့မဲ့ ရွေးကောက်ပွဲ မတိုင်ခင် နိုဝင်ဘာလ ၅ ရက်မှာ သမတကတော်ဟောင်း မစ္စက် လော်ရာ ဘုရှ်ကို RFA မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်ညိမ်းရွှေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထား အမြင်တွေကို ဆက်သွယ် မေးမြန်းထားပါတယ်။