ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းရဲ့ ဆရာ ဥပဒေအကြံပေး ဦးခင်မောင်ရှိန်က RFA ကို အခုလိုပြောပါတယ်။
"ဒီ ၂၉ ရက် အမိန့်မချခင်မှာ တရားသူကြီးက ပြောတယ်။ ဒီ case ကို အပေါ်ကို တင်ပြထားတယ်။ အဖြေမရသေးဘူးလို့ ပြောတယ်။ အဲဒါ ဒီအမိန့်ချမဲ့ရက် မတိုင်ခင်ပေါ့။ အခု အမိန့်ချတဲ့ရက်ကျတော့ ၆ လ ချလိုက်တာပေါ့။ တရားရုံးမှာ တရားရုံးအရာရှိ ကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ အမှုနဲ့"
ကိုစောကျော်ကျော်မင်းဟာ ရှေ့နေ ကိုညီညီထွေးနဲ့ အတူ ၂၀၀၈ ခုနှစ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ဝင် ကိုသန့်ဇင်မျိုး အပါအ၀င် ၁၁ ဦးရဲ့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။
အဲဒီအမှု စစ်ဆေးဆဲကာလ ရုံးချိန်းတစ်ခုမှာ အမှုသည်တွေက တရားရုံးကို ကျောပေးထိုင်တဲ့ကိစ္စနဲ့  ပတ်သက်ပြီး တရားခံတွေကို ရှေ့လှည့်ထိုင်အောင် ရှေ့နေ့ တွေက ပြောပေးဖို့ တရားသူကြီးက အမိန့်ပေးပါတယ်။ အဲဒီအခါမှာ ရှေ့နေ ကိုစောကျော်ကျော်မင်းတို့က အမှုသည်ရဲ့ ညွှန်ကြားချက် မဟုတ်တဲ့အတွက် ပြောမပေးနိုင်ဘူးလို့ ငြင်းဆိုတဲ့အတွက် စောကျော်ကျော်မင်းတို့ ကို တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၈ နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဒီအမှု ရင်ဆိုင်ဆဲ ကာလမှာ ကိုစောကျော်ကျော်မင်းက နယ်စပ်ကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်း ကိစ္စနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါပြီ။
| တင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |