လက်ရှိ ရှေ့နေများကောင်စီ ဖျက်သိမ်းပေးဖို့ ရှေ့နေတွေ အရေးဆိုမည်

စစ်အစိုးရလက်ထက်က ရွေးချယ် ခန့်အပ်ခဲ့ပြီး ဒီကနေ့အထိ တည်ရှိနေဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီ ကို ဖျက်သိမ်းပြီး ရှေ့နေအားလုံးက ဒီမိုကရေစီစနစ်နဲ့ မဲပေးရွေးချယ်တဲ့ ရှေ့နေများ ကောင်စီကို ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံတဝှမ်းက တရားလွတ်တော်ရှေ့နေတွေ လက်မှတ်ထိုးတင်ပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-10-23
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
high_court_305_z.jpg
ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကိစ္စကို ဦးဆောင်စီစဉ်နေတဲ့ နာမည်ကျော် ဥပဒေအကျိုးဆောင် အဖွဲ့တဖွဲ့ရဲ့ တာဝန်ခံ ရှေ့နေကြီးတဦးက အာအက်ဖ်အေကို ရှင်းပြရာ မှာ တရားရုံးချုပ်ရှေ့နေတွေ အားလုံး ညှိနှိုင်းသဘောတူထားပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှာ တက်နေတဲ့ တရားရုံးချုပ် ရှေ့နေတွေအနေနဲ့လည်း ဒီကိစ္စ လွှတ်တော်မှာ အဆိုတင်သွင်းကြမှာ ဖြစ်ကြောင်း၊ တပြည်လုံးက တရားရုံးချုပ် ရှေ့နေတွေ လက်မှတ် ရေးထိုးပြီးတော့လည်း သမ္မတဆီ တင်ပြမှာဖြစ်ကြောင်း ပြောပါတယ်။

ရှေ့နေချုပ် ဒေါက်တာထွန်းရှင် ဦးဆောင်တဲ့ ‘မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ’ ဟာ အစိုးရက ခန့်အပ်ထားတာ ဖြစ်တဲ့အတွက် လက်ရှိစနစ်နဲ့ မညီညွတ်ဘူးလို့လည်း ပြောပါတယ်။

ဗဟိုတရားရုံး စနစ်ကနေ တရားလွှတ်တော်စနစ်ကို ကူးပြောင်းတဲ့ လက်ရှိအစိုးရရဲ့ တရားစီရင်ရေး စနစ်မှာလည်း စီမံခန့်ခွဲမှု အားနည်းနေ တဲ့အတွက် ရန်ကုန်တိုင်း တရားလွှတ်တော်မှာ တင်ထားတဲ့ အမှုတွေ စီရင်ရာမှာ အရင်ကထက် ပိုပြီး ကြန့်ကြာနေတယ်လို့ ရန်ကုန် တရားလွှတ်တော် ရှေ့နေတွေက ပြောပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်