လက်ပံတောင်းပြည်သူများ ဝန်ကြီးဟောင်းပြောတာ လက်မခံ

သတ္တုတွင်းဝန်ြကီးဟောင်း ဦးသိန်းထိုက်(လက်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်)က လက်ပံတောင်းတောင် ဒေသခံတွေ နဲ့ ဒီကနေ့ တွေ့ဆုံပြီး ေဒသဖွ့ံ့ြဖိုးရေးတွေ လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် ဒေသခံတွေက လက်ခံခြင်းမရှိဘူးလို့ မိုးြကိုးပြင်ရွာ ဒေသခံတွေက ပြောပါတယ်။

ဦးသိန်းထိုက်နဲ့အဖွဲ့ဟာ ဒီကနေ့မွန်းလွဲ ၂ နာရီကမိုးြကိုးပြင်အလယ်ရွာ ဘုန်းြကီးေကျာင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဒေသခံလယ်သမားတွေ ရာနဲ့ချီြပီး တက်ရောက်ခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး မိုးြကိုးပြင်ရွာသူ မခင်ပြုံးက ခုလိုပြောပါတယ်။

“သူတို့က ဖွံ့ဖြိုးရေး ဘယ်လိုလုပ်ပေးမယ်ဆိုတာ ပြောပါတယ်ရှင့်၊ ကျမတို့ရွာက ဦးသန်းထွန်းကထပြီး ကျနော်တို့ရွာက ဖွံ့ဖြိုးရေးက အဓိကမကျပါဘူး၊ အဓိကကျတာ ထမင်းရှိဖို့ ဆန်ရှိဖို့က အဓိကကျတဲ့အတွက် ကျနော်တို့မြေတွေကို မရောင်းနိုင်ပါဘူးလို့ ပြောလိုက်ပါတင်ရှင့်၊ အဲလိုပြောလိုက်တော့ သူတို့ကဟောပြောပွဲကို သိမ်းသွားပါတယ်”

ဝန်ြကီးနဲ့ လိုက်ပါလာတဲ့ တရုတ်လူမျိုးနှစ်ဦးကလည်း စကားပြန်ကတဆင့် လယ်သမားတွေကို လိုက်လံ တွေ့ဆုံပြီး မြေယာ လျော်ကြေးယူဖို့ ေြပာဆိုတယ်လို့ဆိုပါတယ်။

အလားတူ လက်ပံတောင်းဒေသ စည်ပင်သာယာ နယ်နိမိတ်က ဖျက်သိမ်းထားတဲ့ ရွာနှစ်ရွာမှာ နေထိုင်လျက်ရှိသူများ စာရင်းကို ြမို့နယ် လဝကအဖွဲ့က စာရင်းလာကောက်ယူပါတယ်။

ဇီးတောရွာ ဘုန်းတော်ြကီးကျောင်းက ဆရာတော် ဦးအာလောကက ခုလိုမိန့်ပါတယ်။

"ဒီ ဇီးတော၊ ဆည်တဲဟာ တကယ်တော့ ပြည်ထဲရေးကနေပြီးတော့ ရွာဟောင်းမှာ နံမည်မရှိတော့ဘူးပေါ့၊ ဒါပေမယ့် တိုင်းရဲ့လဝကနေပြီးတော့ သွားတာသွားလိုက် ဒီစာရင်းထဲမပါပေမယ့် သူတို့က သူတို့အလုပ်သူတို့လုပ်တာ၊ ငါတို့က ငါတို့အလုပ်လုပ်ရမှာပဲဆိုပြီးတော့ သူတို့ပြောစကားအရ ဒီဇီးတော၊ ဆည်တဲကိုလာပြီးတော့ အိမ်ထောင်ခွဲလေးတွေအတွက် စာရင်းလာကောက်တယ်ပေါ့ဗျာ"

အခုလိုစာရင်းကောက်တာကို ဒေသခံတွေက လက်မခံတာကြောင့် လဝကအဖွဲ့ဟာ ရွာတွင်းမှာခေတ္တသာနေပြီး ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။