လစ်ဘရယ် ဒီမိုကရက် အစည်းအဝေး မြန်မာအကြောင်းဆွေးနွေး

ဘယ်လ်ဂျီယန်နိုင်ငံ Brussels မြို့မှာ ဇွန်လ(၄) ရက်နေ့ကနေ (၈) ရက်နေ့ထိကျင်းပနေတဲ့ ဥရောပနဲ့ အာရှ ဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေရဲ့ ညီလာခံမှာ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို စိတ်ဝင်တစား ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ ညီလာခံကိုတက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထိလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
2012-06-07
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ညီလာခံမှာ တက်ရောက်နေတဲ့ CALD ခေါ် အာရှတွင်း ဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ချီးမြှင့်ဂုဏ်ပြုထားပါတယ်။ CALD ရဲ့နောက်ပိုင်းလှုပ်ရှားမှုတွေမှာ NLD က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စကိုလည်း အဓိက ဆွေးနွေး တင်ပြနိုင်ခဲ့တယ်လို့ ပြည်ပအခြေစိုက် NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က ပြောပါတယ်။

ညီလာခံမှာ ဥရောပနိုင်ငံပေါင်း (၂၇) နိုင်ငံနဲ့ အာရှနိုင်ငံတွေအကြား ကုန်သွယ်စီးပွားရေးကိစ္စ အဓိကဆွေးနွေး ခဲ့ကြပါတယ်။

ဒေါ်အင်ကြင်းနိုင်ရဲ့ တင်ပြချက်အပြည့်အစုံကို နားဆင်ပါ။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်