ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ လိကျန် ဖိနပ်စက်ရုံက အလုပ်သမား ၈၀၀ လောက်ဟာ အခြေခံလစာကို တိတိကျကျ သတ်မှတ်ပေးဖို့ ဒီနေ့ သုံးရက်မြောက်နေ့ အဖြစ် ဆန္ဒပြတောင်းဆိုနေကြ ပါတယ်။
လက်ရှိမှာ လုပ်ခကို တစ်နာရီ ၁၂၅ ကျပ်နှုန်းနဲ့ တွက် ချက်ပေးထားတာဖြစ်ပြီး ဆန္ဒပြအလုပ်သမားတွေ က အခြေခံလုပ်ခလစာကို တစ်လ ကျပ် သုံးသောင်း သတ်မှတ်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြ အလုပ်သမ တစ်ဦးဖြစ်သူ မယမင်းလှိုင်က အခုလို ပြောပါတယ်။
"တစ်လကို သုံးထောင်တိုးမယ်လို့ သူတို့ကပြော တယ်။တကယ်လို့ ကျွန်မတို့ ခြောက်သောင်းရမယ် ဆိုရင် သူတို့တိုးတာအတွက် ညီမတို့ ခြောက်သောင်းသုံးထောင်ရမယ်ပေါ့။ OT ကြေးအပါ ရက်မှန်ကြေးအပါပေါ့။တစ်လကို သုံးထောင်ပဲတိုးမယ်၊ အဲ့ဒါကို ညီမတို့ လုပ်သားတွေက မကျေနပ်ဘူး၊ သုံးထောင်ပဲဆိုရင် ဘယ်လိုမှ မလုံလောက်ဘူး။အဲ့ဒါမို့ သူတို့က အခုအခြေခံလစာ ကို သုံးသောင်းထိတိုးပေး။ ထမင်းဖိုးဆိုရင် တစ်လကို နှစ်သာင်းခွဲခန့်သူတို့က တိုးစေချင်တယ်"
အခြေခံလစာကို နာရီနဲ့ သတ်မှတ်ပေးထားတဲ့အတွက် အလုပ်နားရက်တွေနဲ့ နာမကျန်းဖြစ်တဲ့ရက် တွေ ကို နှုတ်လိုက်ရင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ တစ်လကို ကျပ် သုံးသောင်း လောက် ပဲ ရှိတယ်လို့ သိရပါတယ်။ တစ်လလုံး ပျက်ရက်မရှိတဲ့ အလုပ်သမားတစ်ဦးရဲ့ ဝင်ငွေဟာ လုပ်သက်အပေါ်မူတည်ပြီး ပျမ်းမျှ ကျပ်ခြောက်သောင်းလောက်ကနေ တစ် သိန်းကျော်လောက် အထိ ရမယ်ဆိုရင် လုပ်ငန်းခွင်ပြန်ဝင်မယ်လို့ သိရပါတယ်။
