ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်း လီဆူတိုင်းရင်း သား လေးယောက် အသတ်ခံခဲ့ရတဲ့ ကိစ္စကို ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အမှုမှန်ပေါ်အောင် ဆောင်ရွက်သွား မယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအားဆီက ဒီကနေ့ ပြောပါတယ်။
လီဆူရွာသား လေးယောက်အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ရွှေပြည်သာ ရပ်ကွက်က လီဆူစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီရုံးမှာ ပြုလုပ်တဲ့ အရေးပေါ် အစည်းအဝေးမှာ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားဆီက ပြောကြားခဲ့တာပါ။
"အသတ်ခံရတဲ့ ၄ ယောက်ကို သတ်တဲ့သူကိုအဖြေပေါ်အောင် ကျနော်တို့ရှာမယ်၊ ဒီလိုမတရားအသတ်ခံရတဲ့ ကိစ္စကတော့ ရက်စက်ယုတ်မာပြီးမှ လုပ်သွားတဲ့ကိစ္စကို ကျနော်တို့ လီဆူကလည်း မမေ့နိုင် ဘူး၊ ဘယ်သူ၊ ဘယ်ဝါလို့တော့ ကျနော့်အနေနဲ့ မပြောနိုင်သေးဘူး၊ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်း သတ်တယ် ဆိုတာတော့ သေချာနေပြီနော်၊ ပူးပေါင်းပြီးတော့ ကျနော်တို့တွေအဖြေရှာသွားမယ်လို့ ကျနော် အနေနဲ့ ပြောကြားလိုပါတယ်"
အသတ်ခံရတဲ့ လီဆူတိုင်းရင်းသား ၄ဦးဟာ ဆဒုံးမြို့နယ်ခွဲ မဆာ့ ၊ ဘွမ်ဆင်၊ ငွါးလေး စတဲ့ကျေးရွာတွေက အသက် ၁၉ နဲ့ ၂၄ နှစ်အရွယ် လူငယ်နှစ်ယောက်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတို့ဖြစ်ပါတယ်။
အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့အတွက် ဆဒုံးဒေသခံတွေဟာ ကချင်ပြည် နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်း တိုင်းစစ်ဋ္ဌာနချုပ်နဲ့ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးတို့ထံ စာရေးသားတောင်းဆိုထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ဖားကန့်ဒေသမှာ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ ဝင်နှစ်ဦး အသတ်ခံခဲ့ရပြီး အခုအချိန်အထိ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးပါဘူး။
