အမည်မှားခေါ်နေတာ ပြင်ပေးဖို့ လီဆူတိုင်းရင်းသားတွေ တောင်း ဆို


2017.04.21
lisu.JPG လီဆူတိုင်းရင်းသားများကို တွေ့စဉ်
photo: Kyaw Myo Min/RFA

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာပါဝင်တဲ့ လီဆူတိုင်းရင်းသားတွေကို လီရှော လို့ ခေါ်ဝေါ်နေတာကို ကန့် ကွက်ကြောင်းနဲ့ လီဆူ လို့သာသတ်မှတ်ခေါ်ဝေါ်ပေးဖို့အတွက် လက်မှတ်တွေစုဆောင်းပြီး အစိုးရထံ တင်ပြ တောင်းခံသွားဖို့ လီဆူစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေက ပြင်ဆင်နေကြပါတယ်။

တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ နေထိုင်ကြတဲ့ လီဆူတိုင်းရင်းသားတွေဆီက လက်မှတ်တွေကို ပြီးခဲ့တဲ့ မတ်လ အတွင်းကစတင်ပြီး လိုက်လံကောက်ယူနေတာ ဖြစ်တယ်လို့ မန္တလးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လီဆူစာပေ နဲ့ယဉ်ကျေးမှုအဖွဲ့ဝင် ဦးယောဇ ကပြောပါတယ်။

"လီဆူ သတ်မှတ်ပေးဖို့ရန်အတွက် ကျနော်တို့ကောက်နေတာကတော့ တစ်လလောက်တော့ရှိပြီဗျ။ တစ်နိုင် ငံလုံးအတိုင်းအတာကောက်နေတာ၊ လီဆူ၊ လီရှောပြဿနာရှိတဲ့ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး အဲဒီဒေသတွေ၊ ပြည်နယ်တွေမှာ ပိုပြီးတော့မှ အဓိကထားကောက်တယ်။ ရှမ်းပြည်နယ်မှာ လည်း တော်တော်ကောက်နေပြီ။ ကယားပြည်နယ်မှာရှိတဲ့ လီဆူတွေကို နောက် စစ်ကိုင်းတိုင်းမှာရော ကျနော်တို့ အနည်းဆုံးလက်မှတ် တစ်သိန်းတော့ ကောက်ဖို့ လုပ်ထားတယ်ဗျ။"

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ပါဝင်တဲ့ လီဆူတိုင်းရင်းသားတွေကို အရင်က လီရှော လို့ခေါ်ခဲ့ပြီး လီဆူ၊ လီရှော ဆိုတာ တိုင်းရင်းသားတစ်မျိုးတည်းလို့ သိခဲ့ကြပေမယ့် လက်ရှိ အခြေအနေမှာ လီရှောတွေကို သွေးနှောလို့ သတ် မှတ်မှုတွေဖြစ်လာတဲ့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်လာတယ်လို့ လီဆူတိုင်းရင်းသားတွေက ပြောကြပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာဆိုရင် လီဆူ တိုင်းရင်းသားအရေအတွက် ငါးသောင်းခွဲနီးပါးလောက် ရှိပြီး လီရှော လို့ သတ်မှတ်ခံထားရသူတွေပါဝင်နေပါတယ်။

အဲဒီသူတွေကို လီဆူတိုင်းရင်းသား စာရင်းမှာ ထည့်သွင်းတွက်ချက်မှု မရှိတာကြောင့် လီဆူတိုင်းရင်းသားတွေ အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးထားရှိခွင့် ဆုံးရှုံးမှုရှိနေတယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ လီဆူတိုင်းရင်းသားအရေအတွက် ၄ သိန်းခွဲကနေ ၅ သိန်းကြား ရှိပြီး အနည်းဆုံးလက်မှတ် တစ်သိန်း ရအောင် ကောက်ခံသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။