ငွေတောင်းပြီး နှိပ်စက်သူ စစ်သားနှစ်ဦး အသတ်ခံရ

2011-03-28

မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှာ သစ်ဝါးခုတ်သူ အရပ်သားတွေဆီက ငွေကောက်ပြီး (ကပစ) စက်ရုံမှူးကို ပေးနေရတဲ့ စစ်သားနှစ်ယောက်က အရပ်သား လူငယ်နှစ်ဦးဆီက ငွေတောင်းတဲ့အပြင် နှိပ်စက်တဲ့အတွက် အဲဒီလူငယ်တွေက ရဲတင်းနဲ့ ခုတ်လို့ စစ်သားတွေ သေဆုံးတဲ့ အမှုတခု၊ မတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့အခင်းဖြစ်ကြတဲ့ လူငယ်တွေနဲ့ နီးစပ်သူတဦးက RFA ကို အခုလိုပြောပါတယ်။

“၂၁ ရက်နေ့ ညက ဖြစ်တာက ဒုတပ်ကြပ် မြင့်ဇော်ရယ်၊ တယောက်က ကျောက်ပန်းတောင်းနယ်သား တပ်သားသစ်၊ သူတို့ နှစ်ယောက်က နေပြီး သစ်လှည်း၊ ဝါးလှည်းသမားတွေ ဆီကနေ တောင်းတယ်။ တောင်းတဲ့အခါကျတော့ သစ်လှည်းသမား ဖြစ်တဲ့ ဇော်လှိုင်ဝင်းနဲ့ လှခိုင်၊ သူတို့ နှစ်ယောက်ကနေပြီးတော့ ဒီ ခုနလိုမျိုး ရိုက်နှက်ပြီး တောင်းတာပေါ်မှာ မခံနိုင်လို့မို့ သစ်ခုတ်တဲ့ ရဲတင်းနဲ့ ပေါက်သတ်ပစ်တာမှ ပွဲချင်းပြီး သေတယ်။”

“တပ်သား မြင့်ဇော်ကတော့ ပြည်ဆေးရုံရောက်မှ အဆုတ် ပွင့်သွားတာမှာ သူက ၂ ရက် ၃ ရက်လောက် ရှိမှ သေသွားတယ်။ စစ်သားတွေ တောင်းတဲ့ ဂိတ်ပေါင်းများစွာကနေ ရလာတဲ့ ပိုက်ဆံကို ကပစ စက်ရုံမှူး ဗိုလ်မှူး မျိုးတင့် ဆိုတဲ့လူကို အပ်ရတယ်။ မျိုးတင့်ကမှ စစ်သားတွေကို ပြန်ခွဲပေးတယ်။ လက်အောက်ငယ်သားတွေ။ အခုလို ပြဿနာ ဖြစ်ပြီ ဆိုတဲ့အခါကျတော့ စက်ရုံမှူး ကိုယ်တိုင်က တာဝန်ရှောင်တဲ့ စကားမျိုး ပြောတယ်။ အဲဒီ သေတဲ့လူတွေက စစ်သား မဟုတ်ပါဘူး ဆိုပြီးတော့ သူနဲ့ ဘာမှ မဆိုင်ပါဘူး ဆိုတာမျိုး လုပ်တယ်။”

အဲဒီ တောင်တွင်းကြီးမြို့နယ်မှာ၊ အနီးတဝိုက် သစ်တောထဲက သစ်၊ ဝါးတွေကို ဒေသခံတွေက သွားခုတ်ပြီး အသုံးပြုတာ၊ ပြန်ရောင်းတာတွေ ရှိပြီး၊ အဲဒီလို သစ်၊ ဝါးသယ်တဲ့ လှည်းသွားရာ လမ်းတွေ အားလုံးမှာ စစ်သားတွေက တားပြီး ငွေတောင်းနေတာ ၄-၅ နှစ် ရှိနေပြီလို့ သိရပါတယ်။

အဲဒီလိုငွေတောင်းတဲ့အခါမှာ မကြာခဏ ဆိုသလို စစ်သားတွေက အရပ်သားတွေကို ဆဲဆို ကြိမ်းမောင်းတာ၊ ဖားခုန် ခုန်ခိုင်းတာ၊ ရိုက်နှက်တာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒေသခံတွေက အဲဒီလို တောင်းနေတဲ့ စစ်သားတွေကို ကြောက်ရွံ့နေရသလို၊ မကျေနပ်တာတွေလည်း များနေတယ်လို့ ဆိုပါတယ်။

အခုအမှုမှာလည်း စစ်သားတွေတောင်းတဲ့ ငွေအတွက် ပေးတဲ့အခါမှာ အနည်းငယ် လိုနေလို့ အခြားအဖော်တွေ ငွေသွားယူနေတုန်းမှာ လှည်းနဲ့အတူ နေခဲ့တဲ့ လူငယ်နှစ်ယောက်ကို နှိပ်စက်ရာကနေ မခံရပ်နိုင်လို့ ပြန်လည်ခုခံတဲ့အထိ ဖြစ်လာတာလို့ သိရပါတယ်။

စစ်သားတွေကို သတ်လိုက်တဲ့ ကိုဇော်လှိုင်ဝင်းနဲ့ ကိုလှခိုင်တို့ နှစ်ယောက်ဟာ အသက်နှစ်ဆယ်ကျော် သာမန်တောင်သူတွေ ဖြစ်ပြီး၊ တောင်တွင်းကြီးမြို့နယ်ထဲက ဂုန်ညင်းတန်းကျေးရွာ၊ ရွာလေးကုန်းရွာက ဖြစ်ပြီး သူတို့ကို အခုတောင်တွင်းကြီး ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက ဖယ်ရှား

မဲဆောက် ငွေရှာပွဲကြီးနှင့် ရွှေ့ပြောင်းအလုပ်သမားများ

လှည်းတန်း လမ်းဆုံက ဆန္ဒပြမှု

အိန္ဒိယ လာဘ်စားမှု တိုက်ဖျက်ရေးလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်

လူကုန်ကူးမှု တားဆီးရေးအဖွဲ့ က ခရီးသည်များကို အကြပ်ကိုင်ငွေတောင်း

ပြည်မြို့က လူကုန်ကူးမှု

ကလေးစစ်သားအသုံးပြုနေဆဲ နိုင်ငံများ ကုလသမဂ္ဂ သတိပေး

တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ