လက်ပန်တောင်းတောင်သပိတ်မှာ ဒဏ်ရာရသူများကို ဆေးကုပေးမှုအောင်မြင်

အာဏာပိုင်တွေက လက်ပန်တောင်းတောင်သပိတ်စခန်း ဖြိုခွဲစဉ်ကာလမှာ ဒဏ်ရာရခဲ့တဲ့သံဃာ နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၁၁၆ဦးကို သီတဂူဆရာတော် အရှင်ဉာဏိဿရက ကူညီကုသပေးနေရာမှာ အောင်မြင်နေတယ်လို့ သတင်းရရှိပါတယ်။

ဆရာတော်က ဒဏ်ရာရဂီလာနပုဂ္ဂိုလ်တွေအတွက် လိုအပ်တဲ့ဆေးကို အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဆင်းဘရားသားကုမ္ပဏီကနေ အလှူရရှိပြီး၊ ဗြိတိန်နိုင်ငံက အရေးပြားအထူးကုဆရာဝန် ဒေါက်တာဂျိမ်းစ်နဲ့ အဖွဲ့က ဇန်နဝါရီလ ၅ရက်နေ့မှာ မြန်မာနိုင်ငံကိုလာရောက်ကုသပေးခဲ့တယ်လို့ RFA ကိုမိန့်ကြားပါတယ်။

အလှူရတဲ့ဆေးဟာ ဖေါ့စဖရပ်စ်လို့ ခေါ်တဲ့ မီးစုံးကြောင့်ဖြစ်တဲ့ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေတဲ့ဆေးဖြစ်ပြီး အဲဒီဆေးနဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းလာကြတယ်လို့မိန့်ပါတယ်။ အခုတော့အရေပြားလဲပေးလိုက်ရတာက ရဟန်းတော် ၃ပါးနဲ့ သာမဏေ ၄ပါးဖြစ်ပြီး၊ အသေးစားကုသမှုနဲ့ ကုပေးလိုက်တာက ၉၃ဦးဖြစ်သလို၊ လက်ရှိအချိန်ထိ သီတဂူအာယုဒါနဆေးရုံမှာ လူနာ ၂၃ဦးကုသပေးနေစဲဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်အရှင်ဉာဏိဿရနဲ့ လျှောက်ထားမေးမြန်းချက်ကို နိုင်ပါတယ်။

0:00 / 0:00